Connect with us

Hi, what are you looking for?

သတင်း

ပညာရေးမြို့တော်ဖော်ဆောင်နေသည့် KIO နယ်မြေ မိုင်ဂျာယာန်သို့ စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်

မိုင်ဂျာယာန်မြို့သည် ယခင်က လောင်းကစားမြို့တော်ဖြစ်သော်လည်း လောင်းကစားလုပ်ငန်းများ ရပ်ဆိုင်းသွားသည်မှာ နှစ်ပေါင်းများစွာကြာမြင့် ပြီဖြစ်သည်။

(ပညာရေးမြို့တော်ဖြစ်သော မိုင်ဂျာယာန်မြို့ မြင်ကွင်းများ)
(ပညာရေးမြို့တော်ဖြစ်သော မိုင်ဂျာယာန်မြို့ မြင်ကွင်းများ)

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန် မြို့သို့ စစ်ကောင်စီတပ်က ယနေ့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၆ရက် နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ပညာရေးမြို့တော်ဖြစ်သော မိုင်ဂျာယာန်မြို့ မြင်ကွင်းများ)
(ပညာရေးမြို့တော်ဖြစ်သော မိုင်ဂျာယာန်မြို့ မြင်ကွင်းများ)

“ဘယ်လိုကြောင့် ပစ်တာလဲတော့ မပြောတက် ဘူး။ အဲဒီ မိုင်ဂျာယန်ဘက်မှာ လက်နက်ကြီးသုံးကြိမ် ပစ်တယ်ဆိုတာ ကြားသိရတယ်။ ထိခိုက်ဒဏ်ရာရတယ် ဘာညာတော့ ဘာမှ မကြားရဘူး”ဟု ကချင်ဒေသခံက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို မိုင်ဂျာယာန်နှင့်ဆက်စပ်နေသည့် လွယ်ဂျယ်အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယမန်နေ့ နိုဝင်ဘာ ၅ရက်ညပိုင်းက ဗန်းမော်မြို့ရှိ စစ်ကောင်စီလေတပ်နှင့် မြစ်ကြီးနားရှိ သံချပ်ကာတပ်တို့ကို KIAက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က KIA ထိန်းချုပ်နယ်မြေရှိ မိုင်ဂျာယာန်မြို့ကို ပစ်မှတ် ထား တိုက်ခိုက်လာခြင်းဖြစ်သည်။

မိုင်ဂျာယာန်မြို့သည် ယခင်က လောင်းကစားမြို့တော်ဖြစ်သော်လည်း လောင်းကစားလုပ်ငန်းများ ရပ်ဆိုင်းသွားသည်မှာ နှစ်ပေါင်းများစွာကြာမြင့် ပြီဖြစ်သည်။

(ပညာရေးမြို့တော်ဖြစ်သော မိုင်ဂျာယာန်မြို့ မြင်ကွင်းများ)
(ပညာရေးမြို့တော်ဖြစ်သော မိုင်ဂျာယာန်မြို့ မြင်ကွင်းများ)

“အရင်တုန်းက ကစားဝိုင်းဘာညာရှိတယ်။ အခုက ကစားဝိုင်းမရှိတော့ဘူး။ ကစားဝိုင်းလုပ်တဲ့နေရာအားလုံးက ကျောင်းလုပ်လိုက်ပြီ။ ပညာရေးမြို့တော်လုပ်လိုက်ပြီဆိုတော့ ကျောင်းသားကျောင်းသူပဲရှိတယ် အဲဒီမှာ”ဟု ကချင်ဒေသခံက ပြောသည်။

မြန်မာ- တရုတ်နယ်စပ်မြို့ မိုင်ဂျာယာန်တွင် မိုင် ဂျာယာန်ကောလိပ်နှင့် ဖက်ဒရယ်ဥပဒေ အကယ်ဒမီ၊ Institute of Education Mai Ja Yang ၊ Institute of Liberal Arts and Sciences အပါအဝင် ပညာရေးနှင့်ပတ်သက်သည့် ကျောင်းများဖွင့်လှစ်ထားသည် မိုင်ဂျာယာန်မြို့ကို ပညာရေးမြို့တော်ဖြစ်လာစေရေး ကြိုးစားသွားရန် KIO ဗဟိုကော်မတီဝင် ဗိုလ်ချုပ်ဂွန်မော်က ပြောကြားထားသည်။

(ပညာရေးမြို့တော်ဖြစ်သော မိုင်ဂျာယာန်မြို့ မြင်ကွင်းများ)
(ပညာရေးမြို့တော်ဖြစ်သော မိုင်ဂျာယာန်မြို့ မြင်ကွင်းများ)

KIAနှင့် စစ်ကောင်စီတပ်တို့သည် လတ်တလောတွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်နှင့် ဖားကန့်မြို့နယ်တို့၌ တိုက်ပွဲများ လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှုများ၊ ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

Facebook