Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပညာရေးမြို့တော်ဖော်ဆောင်နေသည့် KIO နယ်မြေ မိုင်ဂျာယာန်သို့ စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်

မိုင်ဂျာယာန်မြို့သည် ယခင်က လောင်းကစားမြို့တော်ဖြစ်သော်လည်း လောင်းကစားလုပ်ငန်းများ ရပ်ဆိုင်းသွားသည်မှာ နှစ်ပေါင်းများစွာကြာမြင့် ပြီဖြစ်သည်။

(ပညာရေးမြို့တော်ဖြစ်သော မိုင်ဂျာယာန်မြို့ မြင်ကွင်းများ)
(ပညာရေးမြို့တော်ဖြစ်သော မိုင်ဂျာယာန်မြို့ မြင်ကွင်းများ)

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန် မြို့သို့ စစ်ကောင်စီတပ်က ယနေ့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၆ရက် နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ပညာရေးမြို့တော်ဖြစ်သော မိုင်ဂျာယာန်မြို့ မြင်ကွင်းများ)
(ပညာရေးမြို့တော်ဖြစ်သော မိုင်ဂျာယာန်မြို့ မြင်ကွင်းများ)

“ ဘယ်လိုကြောင့် ပစ်တာလဲတော့ မပြောတက် ဘူး။ အဲဒီ မိုင်ဂျာယန်ဘက်မှာ လက်နက်ကြီးသုံးကြိမ် ပစ်တယ်ဆိုတာ ကြားသိရတယ်။ ထိခိုက်ဒဏ်ရာရတယ် ဘာညာတော့ ဘာမှ မကြားရဘူး”ဟု ကချင်ဒေသခံက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို မိုင်ဂျာယာန်နှင့်ဆက်စပ်နေသည့် လွယ်ဂျယ်အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ နိုဝင်ဘာ ၅ရက်ညပိုင်းက ဗန်းမော်မြို့ရှိ စစ်ကောင်စီလေတပ်နှင့် မြစ်ကြီးနားရှိ သံချပ်ကာတပ်တို့ကို KIAက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က KIA ထိန်းချုပ်နယ်မြေရှိ မိုင်ဂျာယာန်မြို့ကို ပစ်မှတ် ထား တိုက်ခိုက်လာခြင်းဖြစ်သည်။

မိုင်ဂျာယာန်မြို့သည် ယခင်က လောင်းကစားမြို့တော်ဖြစ်သော်လည်း လောင်းကစားလုပ်ငန်းများ ရပ်ဆိုင်းသွားသည်မှာ နှစ်ပေါင်းများစွာကြာမြင့် ပြီဖြစ်သည်။

(ပညာရေးမြို့တော်ဖြစ်သော မိုင်ဂျာယာန်မြို့ မြင်ကွင်းများ)
(ပညာရေးမြို့တော်ဖြစ်သော မိုင်ဂျာယာန်မြို့ မြင်ကွင်းများ)

“ အရင်တုန်းက ကစားဝိုင်းဘာညာရှိတယ်။ အခုက ကစားဝိုင်းမရှိတော့ဘူး။ ကစားဝိုင်းလုပ်တဲ့နေရာအားလုံးက ကျောင်းလုပ်လိုက်ပြီ။ ပညာရေးမြို့တော်လုပ်လိုက်ပြီဆိုတော့ ကျောင်းသားကျောင်းသူပဲရှိတယ် အဲဒီမှာ”ဟု ကချင်ဒေသခံက ပြောသည်။

မြန်မာ- တရုတ်နယ်စပ်မြို့ မိုင်ဂျာယာန်တွင် မိုင် ဂျာယာန်ကောလိပ်နှင့် ဖက်ဒရယ်ဥပဒေ အကယ်ဒမီ၊ Institute of Education Mai Ja Yang ၊ Institute of Liberal Arts and Sciences အပါအဝင် ပညာရေးနှင့်ပတ်သက်သည့် ကျောင်းများဖွင့်လှစ်ထားသည် မိုင်ဂျာယာန်မြို့ကို ပညာရေးမြို့တော်ဖြစ်လာစေရေး ကြိုးစားသွားရန် KIO ဗဟိုကော်မတီဝင် ဗိုလ်ချုပ်ဂွန်မော်က ပြောကြားထားသည်။

(ပညာရေးမြို့တော်ဖြစ်သော မိုင်ဂျာယာန်မြို့ မြင်ကွင်းများ)
(ပညာရေးမြို့တော်ဖြစ်သော မိုင်ဂျာယာန်မြို့ မြင်ကွင်းများ)

KIAနှင့် စစ်ကောင်စီတပ်တို့သည် လတ်တလောတွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်နှင့် ဖားကန့်မြို့နယ်တို့၌ တိုက်ပွဲများ လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှုများ၊ ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

You May Also Like

သတင်း

ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

သတင်း

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး " တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့"ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။