Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေ ရှိနေကြောင်း အမေရိကန် အတည်ပြု

ဒါပေမဲ့ အမေရိကန် အစိုးရက ကိုယ်ဆက်ဆံနေသူတွေဟာ ဘယ်လိုအမျိုးအစားလဲ ဆိုတာကိုတော့ စဉ်ဆက်မပြတ် မျက်စိဖွင့် နားစွင့်ထားမယ်လို့လည်း သူက ဆိုပါတယ်။

ရုရှားနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေ ရှိနေကြောင်း အမေရိကန် အတည်ပြု
ရုရှားနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေ ရှိနေကြောင်း အမေရိကန် အတည်ပြု

ရုရှားအစိုးရနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။

အမေရိကန် အစိုးရရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ် ဆူလီဗန်က ဝါရှင်တန်နဲ့ မော်စကိုကြားမှာ ဆက်သွယ်ရေး လမ်းကြောင်းတွေ ရှိနေကြောင်း ဝန်ခံခဲ့ပါတယ်။ နယူးယောက်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဆူလီဗန်က အမေရိကန်ဟာ ရုရှားနဲ့ ဆက်ဆံရေး လမ်းကြောင်းတွေ ထိန်းသိမ်းထားဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အမေရိကန် အစိုးရက ကိုယ်ဆက်ဆံနေသူတွေဟာ ဘယ်လိုအမျိုးအစားလဲ ဆိုတာကိုတော့ စဉ်ဆက်မပြတ် မျက်စိဖွင့် နားစွင့်ထားမယ်လို့လည်း သူက ဆိုပါတယ်။

ဆူလီဗန်ဟာ ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး နစ်ကိုလိုင် ပက်ထရူရှက်ဗ်ရယ်၊ ကရင်မလင်နန်းတော်ရဲ့ နိုင်ငံတကာ မူဝါဒရေးရာ အကြံပေး ယူရီ အူရှာကော့ဗ်ရယ်နဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း အစောပိုင်းမှာ Wall Street ဂျာနယ်က ဖော်ပြခဲ့တဲ့နောက် ဆူလီဗန် ကိုယ်တိုင်က ဒီကိစ္စကို ထုတ်ဖော် အတည်ပြုခဲ့တာပါ။

Public Service Announcement

Public Service Announcement

အမေရိကန် အစိုးရနဲ့ နီးစပ်သူ တချို့က နှစ်နိုင်ငံ ထိပ်တန်း အရာရှိတွေဟာ ယူကရိန်း စစ်ပွဲကြောင့် နျူကလီးယား တင်းမာမှုတွေ မြင့်တက်လာနိုင်ခြေကို လျှော့ချဖို့ အဓိက ဆွေးနွေးကြပြီး စစ်ပွဲကို ရပ်တန့်ဖို့တော့ နည်းလမ်း ရှာမတွေ့ခဲ့ကြဘူးလို့ ပြောပါတယ်။

အမေရိကန်ဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားကို ပြင်းထန်တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ သတ်မှတ် ကြေညာထားပေမယ့် ရုရှား အစိုးရကိုတော့ ချိတ်ဆက် ဆွေးနွေးပိုင်ခွင့် ရှိတယ်လို့ အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ ကာရင်ဂျင်း ပီယေးက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အမေရိကန် အစိုးရဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဆီ ဆက်သွယ်ပြီး ရုရှားမှာ သမ္မတ ဗလာဒီမာပူတင် တာဝန်ယူနေသ၍ စစ်ပွဲရပ်ဆိုင်းဖို့ မဆွေးနွေးဘူးလို့ တင်းခံနေတဲ့ သဘောထားကို ပြန်လည် သုံးသပ်ဖို့ တိုက်တွန်းခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းဌာန ၃ ခုကို အိမ်ဖြူတော်ထဲ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အမေရိကန်ရဲ့ အထင်ကရ ရုပ်မြင်သံကြား ကွန်ရက်တွေ စုပေါင်းပြီး သပိတ်မှောက်ကြပါတယ်။

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

Facebook