Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကပ်ရောဂါကြောင့် သေဆုံးမှု ၉၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားပြီလို့ WHO ထုတ်ပြန်

ဖေဖော်ဝါရီလတုန်းကတော့ ကမ္ဘာတလွှားမှာ အပတ်စဉ် ကိုဗစ်ကြောင့် သေဆုံးသူ ၇၅၀၀၀ လောက်ထိ များပြားခဲ့ဖူးပါတယ်။

ကပ်ရောဂါကြောင့် သေဆုံးမှု ၉၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားပြီလို့ WHO ထုတ်ပြန်

နှစ်ဆန်းပိုင်းနဲ့ ယှဉ်လိုက်ရင် ကိုဗစ် ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ ၉၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ထုတ်ပြန်ပါတယ်။

ဒီအခြေအနေဟာ ကပ်ရောဂါ တိုက်ဖျက်ရေးနဲ့ ပတ်သက်ရင် အကောင်းမြင်ရမယ့် အနေအထားလို့ ဆိုနိုင်ပေမယ့် ပေါ့လျော့လို့တော့ မရဘူးလို့ WHOက ဆိုပါတယ်။ WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဟာနွမ် ဂျီဘရီယီဆက်စ်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တစ်ကမ္ဘာလုံးမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၉၄၀၀ လောက်သာ ရှိတော့ကြောင်း ပြောပါတယ်။

ဖေဖော်ဝါရီလတုန်းကတော့ ကမ္ဘာတလွှားမှာ အပတ်စဉ် ကိုဗစ်ကြောင့် သေဆုံးသူ ၇၅၀၀၀ လောက်ထိ များပြားခဲ့ဖူးပါတယ်။

ကမ္ဘာ့လူသားတွေဟာ ကပ်ရောဂါ တိုက်ဖျက်ရေးနဲ့ ပတ်သက်ရင် ခရီးရှည်ကြီးကို လျှောက်လှမ်းခဲ့ရကြောင်း၊ အခုအခါမှာ အခြေအနေတွေ တိုးတက်လာပေမယ့် နိုင်ငံအလိုက် အစိုးရတွေ၊ လူ့အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ အားလုံးကို သတိလက်လွတ်နဲ့ ပေါ့ပေါ့ဆဆ မနေကြဖို့လိုကြောင်း ဒေါက်တာ တက်ဒ်ရော့စ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အချိန်ထိ ကမ္ဘာတလွှားမှာ ရောဂါကြောင့် အပတ်စဉ် သေပျောက်မှုဟာ တစ်သောင်းဝန်းကျင်လောက်ထိ များပြားနေဆဲဖြစ်ကြောင်း၊ ကြိုတင်ကာကွယ်နိုင်၊ ကုသနိုင်နေပြီဖြစ်တဲ့ ရောဂါတစ်ခုအတွက်တော့ ဒီပမာဏက များလွန်းနေသေးကြောင်းလည်း သူက ဆိုပါတယ်။

နောက်ပြီး ရောဂါနဲ့ ပတ်သက်လို့ ဆေးစစ်မှုတွေက ကမ္ဘာအနှံ့မှာ အတော်လေး နည်းပါးနေဆဲဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံနိုင်စွမ်းကလည်း နိုင်ငံအလိုက် ဆင်းရဲချမ်းသာ ကွာဟမှုအပေါ် မူတည်ပြီး အတော် ကျယ်ပြန့်နေဆဲလို့လည်း ဒေါက်တာ တက်ဒ်ရော့စ်က ဝန်ခံသွားပါတယ်။

၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့ကနေ စတင် ပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ် တစ်မျိုးကြောင့် ဖြစ်ပွားတဲ့ ကိုဗစ်ရောဂါဟာ ကမ္ဘာပေါ်မှာ လူပေါင်း သန်း ၆၄၀ နီးပါးဆီ ကူးစက်ခဲ့ပြီး လူ ၆.၆ သန်းလောက် သေကြေပျက်စီးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆောင်းပါး

WHO အကြီးအကဲက ထရမ့်အစိုးရ၏ ကွယ်ဆေးမူဝါဒအပြောင်းအလဲအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်

ဆောင်းပါး

အဓိကအချက်များ ကာလဝမ်းရောဂါ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ) သည် ရုတ်တရက်ဖြစ်ပွားသော ဝမ်းပျက်ရောဂါဖြစ်ပြီး ကုသမှုမရရှိပါက နာရီပိုင်းအတွင်း သေဆုံးနိုင်သည်။ ကာလဝမ်းရောဂါသည် သန့်ရှင်းစိတ်ချရသော ရေနှင့် အခြေခံမိလ္လာနှင့် ရေဆိုးစနစ်၊ သန့်ရှင်းရေးစနစ်များ လက်လှမ်းမမီနိုင်သော လူထုကို ထိခိုက်သက်ရောက်စေသည့် ဆင်းရဲမှု၏ ရောဂါ ဖြစ်သည်။ ပဋိပက္ခများ၊ စနစ်ကျသည့် မြို့ပြချဲ့ထွင်...

Facebook