ပြည်သူ့ကမ်းလက်များစစ်ဆင်ရေး အနေဖြင့် လုပ်ဆောင်ခဲ့သည့်စစ်ဆင်ရေးနှစ်ခုကို မြန်မာ့တော်ဝင်နဂါးတပ်မတော်(ရန်ကုန်)MRDA-YGN က ၎င်းတို့လုပ်ဆောင်ဟု ထုတ်ပြန်သည့်အပေါ် တရားဝင်ဖြေရှင်းပေးရန် Yangon UG Association (YUA)မှ ပြန်ကြားရေးတာဝန်ခံ ဆရာကျောင်းက ပြောသည်။
“သူတို့ဖြေရှင်းတဲ့ အနေအထားမှာလည်း သူတို့ကိုယ်တိုင် မစ်ရှင်တွေကိုဝယ်တယ်။ ဝယ်တယ်ဆိုတာက ငွေကြေးထောက်ပံ့ရုံနဲ့ မစ်ရှင်တစ်ခုမဖြစ် ဘူး။ ပစ္စည်းထောက်ပံ့ရုံနဲ့လည်းမဖြစ်ဘူး။ သူတို့က အဖွဲ့အစည်းတစ်ခုကျိမ်းသေတယ်ဆိုရင် သူတို့ရဲဘော်ပါမှ မစ်ရှင်ဖြစ်မှာ။ အဲဒီ့မှာကတည်းက စလွဲနေပါပြီ။ တကယ်မြေပြင်ကိုယ့်ရဲဘော်မရှိဘဲ လုပ်တယ်ဆိုတာက နည်းနည်းရယ်ဖို့ကောင်းတယ်”ဟု ဆရာကျောင်းက ပြောသည်။
ပြည်သူ့ကမ်းလက်များစစ်ဆင်ရေးအဖြစ် အင်းစိန်မြို့နယ် အတွင်း၌ နိုဝင်ဘာ ၉ ရက်က နံ့သာကုန်း အုပ်ချုပ်ရေးမှုးရုံး နှင့်အကျဉ်းဦးစီးဌာန အိမ်ထောင်သည် လိုင်းခန်းများကို Generation Z Defence Force & Supply Army (GZDF)က တိုက်ခိုက်ခဲ့ကြောင်း YUA ကသတင်းထုတ်ပြန်ထားသည်။
ယင်းစစ်ဆင်ရေးကို Myanmar Royal Dragon Army -Yangon က ၎င်းတို့အဖွဲ့ နှင့် မဟာမိတ်အဖွဲ့ GZDF တို့ကပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
YUA က MRDA-YGN နှင့် GZDFတို့သည် မဟာမိတ်ဖွဲ့စည်းထားခြင်းမရှိကြောင်း ဆရာကျောင်းကပြောသည်။
“ကျွန်တော်တို့ MRDA ရန်ကုန်အား GZDFတာဝန်ခံအနေနဲ့လာရောက်ဆက်သွယ်ပြီး Mission လုပ်မည့်အတွက် ထောက်ပံပေးပါရန် အကူအညီတောင်းခံခဲ့သည်။ ကျွန်တော်တို့ MRDAအနေဖြင့် ယင်းလာရောက်ချိတ်ဆက်သူအား လိုအပ်သည့် ပစ္စည်းနှင့် missions စရိတ်ကိုချပေးပြီး ပူးတွဲ mission လုပ်ဆောင်ရန်သဘောတူညီခဲ့ကြပါတယ်”ဟု MRDA Yangon တပ်ဖွဲ့က ပြန်လည်ထုတ်ပြန်ထားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ MRDA-YGN ၏ တရားဝင်ပေ့ခ်ျသို့ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
“ဒီကိစ္စကို ရေဆုံး မြေဆုံးရှင်းမှာ ။ အဲဒီလိုခဏခ ဏ ဖြစ်နေရင် မြေပြင်မှာ အရမ်းနစ်နာတယ်။ နစ်နာတယ်ဆိုတာက မလိုလားအပ်တဲ့ အဖွဲ့အစည်းတွေ တကယ်မလုပ်တဲ့ အဖွဲ့အစည်းဆီကို လက်နက်ခဲယမ်း သို့မဟုတ် တစ်ခုခုရောက်သွားခြင်းက တော်လှန်ရေးကို နှောင့်နှေးစေတာပဲလို့ယူဆတယ်”ဟု ဆရာကျောင်းက ပြောသည်။
YUA အဖွဲ့အနေဖြင့် ယခင်ကလည်း ရန်ကုန်မြို့၌ အခြားသူများ၏မစ်ရှင်ကိုဖော်ပြ၍ အလှူငွေကောက်ခံနေသော အဖွဲ့အစည်းများကို ဖော်ထုတ် သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။
“တော်လှန်ရေးမှာ ရိုးသားဖို့လိုတယ်။ ရိုးရိုးသားသားနဲ့ တော်လှန်ရေးလုပ်မှ သာလျှင် အရှေ့ရောက်မယ်လို့ယူဆတယ်”ဟု ဆရာကျောင်းကပြောသည်။
MRDA YGN သည် မြန်မာ့တော်ဝင်နဂါးတပ်မတော်၏ လက်အောက်ခံအဖွဲ့အစည်းဖြစ်ကြောင်း ၎င်းတို့ပေ့ခ်ျ၌ တရားဝင်ကြေညာထားပြီး ပို့စ်တင် သည့် MRDA Yangon စစ်ရေးသတင်း ပေ့ခ်ျ၌ ၎င်းတို့၏ စစ်ဆင်ရေးသတင်းများကို တင်မည်ဟု နိုဝင်ဘာ ၁၀ ရက်တွင် တရားဝင်ကြေညာခဲ့သည်။


















































