Connect with us

Hi, what are you looking for?

News

တရုတ်နယ်စပ် မြန်မာဘက်ခြမ်းမှာကိုဗစ်ကာကွယ်ဆေးထိုးဖို့ ဆေးအလုံးရေ ၁ သန်း တရုတ်ပေး

ကာကွယ်ဆေး ၁ သန်းအပြင် အောက်ဆီဂျင်စက်တွေ ၊ ကိုဗစ်စစ်ဆေးတဲ့ ပစ္စည်းတွေ ပါဝင်ပြီး ဒီပစ္စည်းတွေကို မြန်မာနိုင်ငံ မြောက်ပိုင်းနယ်စပ် မှာ ပဲ သီးသန့်အသုံးပြုမယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းရင်ဆိုင်နေရစဲအချိန်မှာပဲ တရုတ် − မြန်မာ နယ်စပ် မြန်မာဘက်ခြမ်းဒေသတွေမှာ ကာကွယ်ဆေးထိုးဖို့ ဆေးအလုံးရေ ၁ သန်းကို စစ်ကောင်စီကို ပေးအပ်လိုက်ပါတယ်။

တရုတ်ဆေး Sinopharm ကို တရုတ်နဲ့ထိစပ်နေတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းနယ်စပ် မှာ ပဲ သီးသန့်အသုံးပြုမယ်လို့ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကာကွယ်ဆေး ၁ သန်းအပြင် အောက်ဆီဂျင်စက်တွေ ၊ ကိုဗစ်စစ်ဆေးတဲ့ ပစ္စည်းတွေ ပါဝင်ပြီး ဒီပစ္စည်းတွေကို မြန်မာနိုင်ငံ မြောက်ပိုင်းနယ်စပ် မှာ ပဲ သီးသန့်အသုံးပြုမယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

အဲဒီကာကွယ်ဆေးနဲ့ ရောဂါတိုက်ဖျက်ရေးပစ္စည်းတွေကို မူဆယ်၊ မြစ်ကြီးနား ၊ကိုးကန့် ဒေသတွေကို ပို့မှာဖြစ်သလို တရုတ်ကျန်းမာရေးဝန်ထမ်းတွေ မြန်မာနိုင်ငံကိုစေလွှတ်ကာ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းကို လမ်းညွှန် နေတယ်လို့လည်းတရုတ်သံရုံး က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မြန်မာနဲ့ထိစပ်နေတဲ့ တရုတ်နိုင်ငံ ၊ယူနန်ပြည်နယ် မှာ ကိုဗစ်ကူးစက်ခံရသူတွေ တွေ့ရှိခဲ့ရပြီး ဒီထဲက အချို့ဟာ မြန်မာနိုင်ငံက ပြန်လာသူတွေဖြစ်နေခဲ့ပါတယ်။

ဒါကြောင့် မြန်မာနဲ့ထိစပ်နေတဲ့ နယ်စပ်မြို့တွေ. တရုတ်ဘက်က ကိုဗစ်ကာကွယ်ရေးအတွက် တင်းတင်းကျပ်ကျပ်ကိုင်တွယ်ခဲ့ပါတယ်။

အခုလို မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေအတွက် ကာကွယ်ဆေး ပေးတာဟာလည်း မြန်မာဘက်ကနေ တရုတ်နိုင်ငံအတွင်းကို ရောဂါပြန်လည် ကူးစက်လာမှာကို စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

Facebook