Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ် ဗဟင်းရဲစခန်းကို ကျေးရွာ(ပကဖ)အဖွဲ့များ ပစ်ခတ်တိုက်ခိုက်

မြိုင်မြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းရာဒေသတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းအခြေစိုက် PDFအဖွဲ့များနှင့်ပါ ပူးပေါင်းတိုက်ခိုက်နေသည်။

မြိုင်နယ် ဗဟင်းရဲစခန်းကို ကျေးရွာ(ပကဖ)အဖွဲ့များ ပစ်ခတ်တိုက်ခိုက်
မြိုင်နယ် ဗဟင်းရဲစခန်းကို ကျေးရွာ(ပကဖ)အဖွဲ့များ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဗဟင်းရဲစခန်းအား ကျေးရွာကာကွယ်ရေးအဖွဲ့များက ရှေ့ထွက်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲအချို့ထိခိုက် သေဆုံးမှုများရှိကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၁၁ရက်)နံနက် ၁၀နာရီခန့်က မြိုင်မြို့နယ် ဗဟင်းရဲစခန်းဂိတ်၌ တာဝန်ကျ ရဲလေးဦးအား ရှေ့ထွက်ပြောင်း တိုက်မိုင်းသုံးလုံးတွဲဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦးလဲကျသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း၊ နောက် တစ်ဦးမှာ သေနတ်ရမ်းပစ်ပြီး စခန်းအတွင်း ပြန်ဝင်သွားကြောင်း မြိုင်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

“ဗဟင်းရဲစခန်းက ရပ်ကျေးကာကွယ်ရေးအဖွဲ့တွေကလုပ်တာပါ။”ဟု မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

Public Service Announcement
Public Service Announcement

“ရှေ့ထွက်ပြောင်းကို သူတို့ဘန်ကာစခန်းကိုချိန်ပြီးထောင်လိုက်တာ။ ဘယ်​လောက်မှမကွာဘူး။ ပေ ၅၀၊ ၆၀ လောက်ပဲ။ ဖြစ်တဲ့နေ့မနက်အစောပိုင်း ၄ နာရီလောက်သွားထောင်ခဲ့လိုက်တယ်။ လုပ်ဖို့အတွက် အစီအစဥ်မရှိဘူး။ ကာဖို့အတွက်လုပ်မယ်ဆိုပြီး အစီအစဥ်ဆွဲနေတဲ့အချိန် လေးကောင်က မိုးတိုးမတ်တပ်ထွက်လာတာ။ အဲဒီမှာသေချာပြီဆိုပြီး ရီမုမိုင်းဖြစ်တဲ့အတွက် ရီမုနဲ့နှိပ်လိုက်တာ။ ​ွေးနှစ်ကောင်က မိုင်းနဲ့တွဲပါသွားတာ။”ဟု ရပ်ကျေး(ပကဖ)တာဝန်ခံ Black Jadeက ပြောသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီးနောက် ဗဟင်းရဲစခန်းအား ယခင်ကလည်းတိုက်ခိုက်ခံရဖူးပြီး ရဲတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ဖူးသည်။

မြိုင်မြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းရာဒေသတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းအခြေစိုက် PDFအဖွဲ့များနှင့်ပါ ပူးပေါင်းတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။