Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူလေးဦးအား မီးရှို့သတ်ဖြတ်

ထန်းကြီးရွာအား မီးရှို့၍ ထွက်သွားသော စစ်ကောင်စီတပ်များကို လမ်းတွင် ပြည်သူကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၅ဦးထက်မနည်း သေဆုံးခဲကြောင်း ကျားသစ်နက်ပျောက်ကျားအဖွဲ့က အသိပေးသည်။

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော ထန်းကြီးကျေးရွာနေအိမ်များ၊ ဓာတ်ပုံ-တောင်ရိုးသားများ တပ်ပေါင်းစု
မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော ထန်းကြီးကျေးရွာနေအိမ်များ၊ ဓာတ်ပုံ-တောင်ရိုးသားများ တပ်ပေါင်းစု

▪️နေအိမ် ၃၈၀ခန့်လည်း မီးရှို့ဖျက်ဆီး၊မသန်စွမ်းတစ်ဦး မီးလောင်သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ထန်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူလေးဦးအား မီးရှို့သတ်ဖြတ်သွားပြီး နေအိမ်ပေါင်း ၃၈၀ခန့်လည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၃ ရက်) နံနက်ပိုင်းက ဝက်လက်မြို့နယ်၊ ထန်းကြီးဘူတာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များသည် ပြည်သူ လေးဦးအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ပြီး ထန်းကြီး ဘူတာ ‌အနောက်ဘက် အိမ်တစ်လုံးအတွင်း မီးရှို့ အလောင်းဖျောက်သွားကြောင်း ဒေသခံများက ပြောသည်။

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော ထန်းကြီးကျေးရွာနေအိမ်များ၊ ဓာတ်ပုံ-တောင်ရိုးသားများ တပ်ပေါင်းစု
မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော ထန်းကြီးကျေးရွာနေအိမ်များ၊ ဓာတ်ပုံ-တောင်ရိုးသားများ တပ်ပေါင်းစု

ထို့နောက် စစ်ကောင်စီတပ်သည် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ထန်းကြီးကျေးရွာအတွင်းသို့ ဝင်ရောက်ပစ်ခတ်ပြီး ရွာအနောက်ပိုင်း၊‌ တောင်ပိုင်းနှင့် ရွာ အလယ်ပိုင်းတို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အိမ်ပေါင်း ၃၈၀ခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“ထန်းကြီးကျေးရွာက အိမ်ခြေ လတ်တလော စရင်းလုပ်ထားတာ ၃၈၀ လောက်ပါသွားတယ်။

Public Service Announcement

Public Service Announcement

ကျောင်းဖြူကျေးရွာကတော့ လေးငါးအိမ်လောက်ပါသွားတယ်ဗျာ။ ထန်းကြီးက ရွာမီးလောင်တော့ မသန်စွမ်းတစ်ယောက်မီးထဲပါသွားတယ်။ ထန်းကြီးဘူတာမှက လေးယောက်ဖမ်းခံရတယ်။ မီးရှို့သတ်သွားတယ် ပေါက်ကန်သားလို့သိရတယ်။ကျောင်းဖြူဝင်တော့ ပြည်သူလေးဦးထပ်ဖမ်းခံရတယ်။”ဟု တောင်ရိုးသားတပ်ပေါင်းစု တာဝန်ခံက ပြောကြားသည်။

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော ထန်းကြီးကျေးရွာနေအိမ်များ၊ ဓာတ်ပုံ-တောင်ရိုးသားများ တပ်ပေါင်းစု
မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော ထန်းကြီးကျေးရွာနေအိမ်များ၊ ဓာတ်ပုံ-တောင်ရိုးသားများ တပ်ပေါင်းစု

ထန်းကြီးရွာအား မီးရှို့၍ ထွက်သွားသော စစ်ကောင်စီတပ်များကို လမ်းတွင် ပြည်သူကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၅ဦးထက်မနည်း သေဆုံးခဲကြောင်း ကျားသစ်နက်ပျောက်ကျားအဖွဲ့က အသိပေးသည်။

ထို့အပြင် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ လှူဒါန်းကြပါရန် Wetlet Information Network က မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။