Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်ရှိ လှတောရဲစခန်းကို PDFများ တိုက်ခိုက်

ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင်မူ စစ်ကောင်စီတပ်စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ရွှေဘို-မန္တလေးလမ်းပေါ်လှတောကျေးရွာအဝင်အား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ
ရွှေဘို-မန္တလေးလမ်းပေါ်လှတောကျေးရွာအဝင်အား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်ရှိ လှတောရဲစခန်းကို ​PDF အဖွဲ့များပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးကြောင်း ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။

နိုဝင်ဘာ ၁၁ ရက် ည ၁၁နာရီခွဲခန့်က ဝက်လက် မြို့နယ်၊လှတောရဲစခန်းအား ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နံနက် ၂နာရီခန့်အထိ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ စခန်းရှိ လက်နက်ကြီးတစ်လက်လည်း ပျက်စီးသွားသည်ဟု ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကဆိုသည်။

Public Service Announcement
Public Service Announcement

“အကွာအဝေးကတော့ ဂန်းနဲ့ဆိုရင်တော့ မီတာ ၂၅၀၊ ၃၀၀ လောက်ကပေါ့။ တာဝေးဆိုရင်တော့ မီတာ ၇၀၀ လောက်ကပစ်တာ။ ဟိုဘက်ကလည်းပြန်ပစ်တယ်။ သူတို့ကထွက်​တော့ မပစ်ရဲဘူးလေ”ဟု အဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင်မူ စစ်ကောင်စီတပ်စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေ၍ ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။