Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ် နှစ်ကြိမ် တိုက်ခိုက်ခံရ

ယင်းတိုက်ပွဲမှာ နံနက် ၆ နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦးရှပ်ထိဒဏ်ရာရခဲ့သော်လည်း ကျန်ရဲဘော်များ အထိ အခိုက်မရှိခဲ့ကြောင်း ဖော်ပြသည်။

(မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)က ဗောဓိကမ်းတံတားအနီး စစ်ကောင်စီတပ်အား တိုက်ခိုက်နေစဥ်(တပ်ရင်း - ၂))
(မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)က ဗောဓိကမ်းတံတားအနီး စစ်ကောင်စီတပ်အား တိုက်ခိုက်နေစဥ်(တပ်ရင်း - ၂))

တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်အား တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၉ဦးသေဆုံးကာ တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၂)က ယနေ့(နိုဝင်ဘာ ၁၅)ထုတ်ပြန်သည်။

ယမန်နေ့နံနက် ၆ နာရီခန့်က တနင်္သာရီမြို့နယ် မော်တုန်းကျေးရွာအနောက်ဘက်ရှိ ခမရ (၅၅၇)နှင့် (၅၅၈)တို့ကို မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၂)နှင့် တနင်္သာရီပြောက်ကျားအဖွဲ့၊ တနင်္သာရီ ရိုးမအဖွဲ့တို့ပူးပေါင်းကာ သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံး၍ ခြောက်ဦးထိခိုက်ဒဏ်ရာရသွားသည်ဟု ဆိုသည်။

(မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)က ဗောဓိကမ်းတံတားအနီး စစ်ကောင်စီတပ်အား တိုက်ခိုက်နေစဥ်(တပ်ရင်း - ၂))
(မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)က ဗောဓိကမ်းတံတားအနီး စစ်ကောင်စီတပ်အား တိုက်ခိုက်နေစဥ်(တပ်ရင်း – ၂))

ယင်းတိုက်ပွဲမှာ နံနက် ၆ နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦးရှပ်ထိဒဏ်ရာရခဲ့သော်လည်း ကျန်ရဲဘော်များ အထိ အခိုက်မရှိခဲ့ကြောင်း ဖော်ပြသည်။

အလားတူ ယမန်နေ့ နံနက် ၈ နာရီခန့်က တနင်္သာရီနယ် ဗောဓိကုန်းတံတားအနီးရှိ အမတ (၃၀၆)နှင့် ခမရ (၅၅၇)တို့ကို မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)နှင့် မဟာမိတ်များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့သည် ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)က ဗောဓိကမ်းတံတားအနီး စစ်ကောင်စီတပ်အား တိုက်ခိုက်နေစဥ်(တပ်ရင်း - ၂))
(မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)က ဗောဓိကမ်းတံတားအနီး စစ်ကောင်စီတပ်အား တိုက်ခိုက်နေစဥ်(တပ်ရင်း – ၂))

အဆိုပါတိုက်ပွဲမှ နံနက် ၈ နာရီမှစတင်တိုက်ခိုက်ခဲ့ရာ ၁၇နာရီတွင်မှ တိုက်ပွဲပြီးဆုံးပြီး တော်လှန်ရေးရဲဘော် များ အထိအခိုက်မရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲအခြေအနေများအား ယမန်နေ့ကမထုတ် ပြန်ဘဲ ယနေ့မှ ထုတ်ပြန်ခြင်းမှာ အခြေအနေမတည်ငြိမ်သေး ၍ဖြစ်ကြောင်း အသိပေးထားပြီး အသေးစိပ်အခြေအနေများအား သိရှိနိုင်ရန် မြိတ်ခရိုင် တပ်ရင်း (၂)ထံ People’s Spring က ဆက်သွယ်ထားသော်လည်း အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook