Connect with us

Hi, what are you looking for?

ဗီဒီယို

အယုံအကြည်မရှိ အဆိုကို ကျော်လွှားနိုင်ခဲ့ပြန်တဲ့ ထိုင်းဝန်ကြီးချုပ်

ပယာရွတ်သ်ဟာ ထိုင်းနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းပုံ ဥပဒေကို စိတ်ကြိုက် ပြင်ဆင် ရေးဆွဲပြီး ဝန်ကြီးချုပ် ဖြစ်လာသူပါ။ သူဟာ ဝန်ကြီးချုပ် သက်တမ်းအတွင်း အယုံအကြည်မရှိ အဆိုတွေကို ကျော်လွှားနိုင်ခဲ့တာ ၃ ကြိမ် ရှိနေပါပြီ။

လွှတ်တော်မှာ တင်သွင်းတဲ့ အယုံအကြည်မရှိကြောင်း စွပ်စွဲချက် အဆိုကို ထိုင်းဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာ ကျော်လွှားလာနိုင်ခဲ့ပါတယ်။

ဝန်ကြီးချုပ်နဲ့ ဝန်ကြီး ၅ ဦးကို အယုံအကြည်မရှိ အဆိုတင်ဖို့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ဦးဆောင် လှုပ်ရှားခဲ့ကြတာပါ။ ဒါပေမဲ့ စက်တင်ဘာ ၄ ရက် မဲခွဲမှုမှာ ပယာရွတ်သ်က ထောက်ခံမဲ ၂၆၄ မဲ၊ ကန့်ကွက်မဲ ၂၀၈ မဲဆိုတဲ့ ရလဒ်နဲ့ ဒီအဆိုကို သက်တောင့်သက်သာ ကျော်လွှားသွားခဲ့ပါတယ်။

အတိုက်အခံတွေ အနေနဲ့ ဝန်ကြီးချုပ်ကို ဖယ်ရှားဖို့ဆိုရင် လွှတ်တော်အမတ်နေရာ ၄၈၂ ခုဆီက မဲအရေအတွက် ၂၄၂ ခု ရရှိဖို့ လိုအပ်ပါတယ်။ ပယာရွတ်သ်က သူဟာ လွှတ်တော်တွင်းမှာ ထောက်ခံမှု အင်အား ခိုင်ခိုင်မာမာ ရထားဆဲဆိုတာ အခုရလဒ်က ညွှန်ပြနေကြောင်း ပြောပါတယ်။

အတိုက်အခံ အမတ်တွေက ပယာရွတ်သ် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဟာ ကပ်ရောဂါ ထိန်းချုပ်ရေးကို နည်းမှန်လမ်းမှန် မဆောင်ရွက်နိုင်ဘူးလို့ စွပ်စွဲခဲ့ပြီး အကျိုးဆက် အနေနဲ့ နိုင်ငံ စီးပွားရေး ကဏ္ဍကိုပါ အကြီးအကျယ် ထိခိုက်စေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ နှစ်အလိုက် နှိုင်းယှဉ်မှုတွေအရ ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ မနှစ်က ၆.၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

ပယာရွတ်သ်ဟာ ထိုင်းနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းပုံ ဥပဒေကို စိတ်ကြိုက် ပြင်ဆင် ရေးဆွဲပြီး ဝန်ကြီးချုပ် ဖြစ်လာသူပါ။ သူဟာ ဝန်ကြီးချုပ် သက်တမ်းအတွင်း အယုံအကြည်မရှိ အဆိုတွေကို ကျော်လွှားနိုင်ခဲ့တာ ၃ ကြိမ် ရှိနေပါပြီ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဘန်ကောက်မြို့တော်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပိုမို အားကောင်းလာသလို တစ်ဖက်မှာလည်း ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ၊ ရာဘာကျည်တွေ အသုံးပြုပြီး လူစုခွဲဖို့ ကြိုးစားတာကြောင့် အခြေအနေတွေ ပိုမို တင်းမာလာပါတယ်။

ထိုင်းနိုင်ငံမှာ Covid-19 ရောဂါ ဖြစ်ပွားသူ ၁.၂ သန်းကျော် ရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ ဦးရေကလည်း ၁၂၀၀၀ ဝန်းကျင်ထိ များပြားလာပါတယ်။ ဩဂုတ် လလယ်က တစ်ရက်တာ စံချိန်တင် ကူးစက်မှုအဖြစ် လူနာသစ် ၂၃၀၀၀ ကျော် တိုးပွားလာတဲ့ အခြေအနေမျိုး တွေ့မြင်ခဲ့ရပါတယ်။

ထိုင်းမှာ ကာကွယ်ဆေး ထိုးပေးတဲ့ အစီအစဉ်တွေ စတင်နေပြီ ဖြစ်ပေမယ့် မျှော်မှန်းထားတာထက်တော့ အရှိန်အဟုန် နှေးကွေးနေဆဲပါ။ နိုင်ငံလူဦးရေရဲ့ ၆၆ သန်းကျော်မှာ ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးထားသူ ၁၃ ရာခိုင်နှုန်းလောက်သာ ရှိကြောင်းလည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံတကာ

ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ ရထားနဲ့ ဘတ်စ်ကား တိုက်မိမှု ဖြစ်စဉ်အပြီး ရထားလမ်းနဲ့ ကားလမ်းဖြတ်တဲ့ နေရာတွေကို လျှော့ချနိုင်အောင် စီစဉ်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ကတိပြုခဲ့ပါတယ်။

သတင်း

မြန်မာတစ်ဦးပိုင်ဆိုင်ပြီးတရားမဝင်တင်သွင်းထားတဲ့အီလက်ထရောနစ် ပစ္စည်းတွေအများအပြားသိုလှောင်ထားရာကုန်လှောင်ရုံတစ်ခုကို ဝန်ကြီး ချုပ်အနူတင်ချန်ဝီယာကူကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့ကြောင်းထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းလွှတ်တော်အမတ်တွေရဲ့မဲပေး ရွေးချယ်မှုအရလက်ရှိအိမ်စောင့် အစိုးရဝန်ကြီးချုပ်အနူတင် ချန်ဝီယာကူဟာ ထိုင်းအစိုးရသစ်ရဲ့ ဝန်ကြီး ချုပ် ဖြစ်လာခဲ့ပါတယ်။