Connect with us

Hi, what are you looking for?

သတင်း

မန္တလေး သံလျှက်မှော် မင်းကုန်းရပ် အုပ်ကြီး ပစ်သတ်ခံရ

ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီသင်တန်းပေးတဲ့ ပျုစောထီးသင်တန်းဆင်းထားသူဖြစ်တယ်လို့ သိရပြီး သေနတ်နဲ့ နှစ်ချက် ပစ်ခံရလို့ ပွဲချင်းပြီးသေဆုံးသွားပါတယ်။

မန္တလေး သံလျှက်မှော် မင်းကုန်းရပ် အုပ်ကြီး ပစ်သတ်ခံရ
မန္တလေး သံလျှက်မှော် မင်းကုန်းရပ် အုပ်ကြီး ပစ်သတ်ခံရ

မန္တလေးမြို့ ၊စိန်ပန်းရပ် ၊ သံလျှက်မှော် အနောက်ခြမ်း မင်းကုန်းရပ် အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်ဟာ ဒီနေ့မနက်ပိုင်းက ပစ်ခတ်သတ်ဖြတ်ခံလိုက်ရပါတယ်။

ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီသင်တန်းပေးတဲ့ ပျုစောထီးသင်တန်းဆင်းထားသူဖြစ်တယ်လို့ သိရပြီး သေနတ်နဲ့ နှစ်ချက် ပစ်ခံရလို့ ပွဲချင်းပြီးသေဆုံးသွားပါတယ်။

အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဟာ အခင်းဖြစ်တဲ့နေရာနားက မြဧရာ လက်ဖက်ရည်ဆိုင်မှာရှိတဲ့ လူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။

အခင်းဖြစ်တဲ့နေရာတဝိုက်ကို စစ်ကောင်စီတပ်က လမ်းပိတ်ထားပြီး လက်ဖက်ရည်ဆိုင်က သူတွေကို ဖမ်းဆီးထားဆဲလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။

သတင်း

စလော့ဂိမ်းရှုံးတဲ့ ကားသမား ၁ဦး အဆုံးစီရင်ပြီးလို့ ၁လမပြည့်ခင်မှာဘဲ မန္တလေးမြို့မှာလည်း စလော့ဂိမ်းရှုံးလို့ ကျပ်သိန်းရာချီ အကြွေးတင်နေတဲ့ အမျိုးသား ၁ဦး ကိုယ့်ကိုယ်ကို ကြိုးဆွဲချသတ်သေသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook