Connect with us

Hi, what are you looking for?

သတင်း

တမူးမှ ကလေးမြို့သို့ထွက်ခွာလာသည့် စစ်ကောင်စီ လက်နက်သယ်ယာဥ်တန်းကို ကလေး PDF မိုင်းဆွဲတိုက်ခိုက်

မိုင်းဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီယာဥ်တန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးဟု PDFက ဆိုသည်။

ဓာတ်ပုံ - ကလေး PDF
ဓာတ်ပုံ - ကလေး PDF

စစ်ကိုင်းတိုင်း၊ တမူးမြို့မှ ကလေးမြို့သို့ထွက်ခွာလာသော လက်နက်များတင်ဆောင်လာသည့် စစ်ကောင်စီယာဥ်တန်းကို ယနေ့မွန်းလွဲပိုင်းက မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကလေး PDFက သတင်းထုတ်ပြန် သည်။

အိန္ဒိယနိုင်ငံက လွှဲပြောင်းပေးထားသော လက်နက် များအား သယ်ဆောင်လာသည့် စစ်ကောင်စီယာဥ်တန်းသည် နိုဝင်ဘာ၁၄ ရက်မှစ၍ တမူးမြို့မှ ကလေးမြို့သို့ ထွက်ခွာလာရာ ယမန်နေ့ (နိုဝင်ဘာ၂၅ ရက်)တွင် ကလေးမြို့နယ်၊ ကလေး-တမူးလမ်းမဘေးရှိရာ ၁ အကျဥ်းစခန်းတွင် ညအိပ်ရပ်နားခဲ့သည်။

ထိုစစ်ကောင်စီယာဥ်တန်းအား ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီမိနစ် ၂၀ခန့်ကစ၍ မွန်းလွဲ ၃ နာရီခန့်အထိ (၅၆)မိုင်ကျေးရွာနှင့် မြလေးတောင်ကျေးရွာကြားတွင် ကလေး PDF မိုင်းတပ်ဖွဲ့က အသင့်တပ်ဆင်ထားသော မိုင်းများဖြင့် ခြောက်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF က အသိပေးသည်။

ထို့အပြင် ဒရုန်းနှင့် အခြားလက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နောက်ဆုံးမိုင်းခွဲတိုက်ခိုက်မှုတွင် လမ်းသားပြတ်ထွက်သွားပြီး စစ်ကောင်စီယာဥ်တန်းများ ရှေ့ဆက်မတိုးနိုင် တော့ဘဲ မြလေးတောင်တောင်ခြေ၌ ညအိပ်ရပ်နားခဲ့သည်ဟု ကနဦးသိရကြောင်း PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မိုင်းဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီယာဥ်တန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးဟု PDFက ဆိုသည်။

“မိုင်းခွဲတာ လမ်းမကြီးတောင်ဖွာထွက်ပြီး လမ်းသားပြတ်ထွက်သွားတယ်။ စစ်ခွေးတွေလည်းတော်တော် အထိနာသွားတယ်”ဟု People’s Defence Force (Kalay)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကလေးမြို့နယ်အတွင်း လက်ရှိစစ်ရေးတင်းမာမှု အခြေအနေအရ ကလေး-တမူး လမ်းမကြီးအား အများပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF က ထပ်မံသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook