Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့နယ် နတ်မဟုတ်ကြီးရွာခံ ရှစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

စစ်ကောင်စီတပ် ဖမ်းဆီးထားသည့် ရွာသား ရှစ်ဦးသည် လက်ရှိတွင် မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို မသိရသေးကြောင်း Indaw Revolution က ဖော်ပြထားသည်။

ယနေ့ နံနက်က မီးရှို့ဖျက်ဆီးခံရမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR
ယနေ့ နံနက်က မီးရှို့ဖျက်ဆီးခံရမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR

▪️နေအိမ် တစ်လုံးနှင့် စပါးကျီတစ်လုံး မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က နံနက်ပိုင်းက မီးရှို့ခဲ့ရာ နေအိမ်တစ်လုံးနှင့် စပါးကျီတစ်လုံး ပျက်စီးခဲ့ကြောင်း Indaw Revolutionက ဖော်ပြသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၇ရက်က အဆိုပါ ကျေးရွာသို့ရောက်ရှိနေပြီး ဒေသခံများကို ဖမ်းဆီးရိုက်နက်ခြင်း၊ နံနက်ပိုင်း၌ နေအိမ်မီးရှို့ခြင်းလုပ်ဆောင်ခဲ့သည်ဟု အင်းတော်ဒေသခံက ပြောသည်။

ယနေ့ နံနက်က မီးရှို့ဖျက်ဆီးခံရမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR
ယနေ့ နံနက်က မီးရှို့ဖျက်ဆီးခံရမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ – IR

စစ်ကောင်စီတပ် ဖမ်းဆီးထားသည့် ရွာသား ရှစ်ဦးသည် လက်ရှိတွင် မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို မသိရသေးကြောင်း Indaw Revolution က ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

အင်းတော်ဒေသတွင် တိုက်ပွဲများ ဖြစ်နေ၍ ပြည်သူများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဂရုစိုက်နေထိုင်ကြရန်လည်း အသိပေးတိုက် တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

နည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ဆန်းဝင်းလည်း​​​ပျောက်ဆုံး​နေသလို အင်း​တော်တိုက်ပွဲ​တွေမှာ စစ်တပ်အရာရှိအများအပြား​သေဆုံး

သတင်း

စစ်တပ်က တိုက်လေယာဉ် မျိုးစုံသုံးပြီး တစ်နေကုန် ဗုံးကြဲ ပစ်ကူပေးတဲ့ကြားမှ တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှုကြောင့် တပ်မ (၃၃) လက်အောက်ခံ စစ်ကြောင်း ပျက်