Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့နယ် နတ်မဟုတ်ကြီးရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး

ပြီးခဲ့သည့် ရက်ပိုင်းကလည်း အင်းတော်မြို့နယ် အောက်တောရွာမှ ပြည်သူလူထု နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့သွားသည်ဟု Indaw Revolutionက ဖော်ပြထားသည်။

(နတ်မဟုတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - IR)
(နတ်မဟုတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - IR)

▪️ရွာခံအချို့ကို ဖမ်းဆီးရိုက်နှက်မှုရှိဟု ဒေသခံပြော

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်တွင် စတင်မီးရှို့ဖျက်ဆီးနေကြောင်း အင်းတော်ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၈ရက် နံနက်တွင် နတ်မဟုတ်ကြီးရွာကို မီးရှို့ဖျက်ဆီးနေသည့်အပြင် ရွာသားအချို့ကို ဖမ်းဆီးရိုက်နှက်ထားသည်ဟု Indaw Revolution က ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က မီးရှို့နေခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“သူတို့က မနေ့ကတည်းက အဲဒီရွာမှာ ရောက်နေတာ။ ရောက်ကတည်းက ရွာသားတွေကို ဖမ်းဆီးရိုက်နှက်အဲဒီလိုမျိုးလုပ်နေတာပေါ့။ ဒီနေ့မနက် ရောက်တော့ မီးရှို့နေတာပေါ့။ ညတုန်းကဆိုရင် သူတို့က ရွာသားတွေကို ရွာပြင်လည်းမထွက်ခိုင်းဘူး။ အပြင်က ပြန်လာတဲ့သူကိုလည်း အထဲမဝင် ခိုင်ဘူးတဲ့။ ပိတ်ထားတဲ့သဘောပေါ့။ ရွာသားတချို့ကတော့ အဲဒီမှာ ပိတ်မိနေတယ်။ တချို့က တောထဲဝင်ပြေးတာရှိတယ်”ဟု အင်းတော်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

နေအိမ်အရေအတွက်မည်မျှ မီးရှို့ခံရသည်ကို မသိရသေးကြောင်း ဒေသခံက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း အင်းတော်မြို့နယ် အောက်တောရွာမှ ပြည်သူလူထု နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့သွားသည်ဟု Indaw Revolutionက ဖော်ပြထားသည်။

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလှုပ်ရှားမှုများ၊ လက်နက်ကြီးရမ်းသမ်းပစ် ခတ်မှုများ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook