Connect with us

Hi, what are you looking for?

သတင်း

ဦးဇော်ဇော်ပိုင် AYA ဘဏ်ကို အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲရန် စီစဉ်

တရားရုံး၏ အမိန့်တစ်ရပ်ရပ်အရတားမြစ်ခြင်းမရှိလျှင် ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည့် နိုင်ငံတော်ပြန်တမ်းတွင်ဖော်ပြထားသည်။

(ရန်ကုန်မြို့ လယ်ရှိ ဧရာဝတီဘဏ်ရုံးချုပ်။ ။ဓါတ်ပုံ- Aya Bank)
(ရန်ကုန်မြို့ လယ်ရှိ ဧရာဝတီဘဏ်ရုံးချုပ်။ ။ဓါတ်ပုံ- Aya Bank)

နာမည်​ကျော်စီးပွား​ရေးလုပ်ငန်းရှင် ဦး​ဇော်​ဇော်၏ ဧရာဝတီဘဏ် (AYA ဘဏ်) ကို တစ်ဦးတည်းပိုင်ဘဏ်ကုမ္ပဏီမှ အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲရန် စီစဉ်နေကြောင်း နိုဝင်ဘာ ၁၈ ရက် ထုတ်ပြန်ကြေငြာထားသည်။

တရားရုံး၏ အမိန့်တစ်ရပ်ရပ်အရတားမြစ်ခြင်းမရှိလျှင် ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည့် နိုင်ငံတော်ပြန်တမ်းတွင်ဖော်ပြထားသည်။

လက်ရှိဘဏ်၏ တန်ဖိုးမှာကျပ်ငွေ ဘီလီယံ ၇၀၀၀ ရှိသည် ဆို​​သောAYA ဘဏ်ကို စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်တစ်ဦးတည်း ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ယခင်ဗဟိုဘဏ်ဒုတိယဥက္ကဌဟောင်း ဒေါ်ခင်စောဦးက အမှုဆောင်ဥက္ကဌ အဖြစ်ဆောင်ရွက်နေခြင်းဖြစ်သည်။

“တဦးတည်းပိုင်တဲ့ လုပ်ငန်းကနေ လူအများစုပိုင်တဲ့ ကုမ္ပဏီအဖြစ်ပြောင်းပြီး ဘဏ်ရှယ်ယာတွေကို ထုတ်ရောင်းမယ် သဘောမျိုးပါ”ဟု ဘဏ်လုပ်ငန်းရှင်တစ်ဦးကမှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ပြောင်းလဲခြင်းကြောင့် ရှယ်ယာများကို အများပြည်သူကိုလည်းရောင်းချနိုင်တော့မည်ဖြစ်သည်ဟု ၎င်းကသုံးသပ်သည်။

စစ်အုပ်စုအာဏာသိမ်းပြီး​နောက်ပိုင်းပြည်တွင်းဘဏ်များအ​ပေါ် လူထုယုံကြည်မှု​လျော့ကျလာခြင်း​ကြောင့် ဘဏ်တွင်​ငွေအပ်နှံမှု​လျော့ကျလာခြင်း ၊ စစ်​ကောင်စီကဘဏ်လုပ်ငန်းများကိုတင်းကြပ်ခြင်း၊ နိုင်ငံ့စီးပွား​ရေးကျဆင်းမှု​တို့ကြောင့် ဘဏ်လုပ်ငန်းများ ကျဆင်း​နေသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ် တော်(AA)ဟာ ကိုယ်ပိုင်ဘဏ်စနစ်တခုကို ထူထောင်ဖို့စီစဉ်နေပြီး လိုအပ်တဲ့ ဝန်ထမ်းတွေခေါ်ယူနေယူ​နေပြီဖြစ်​ကြောင်းနီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ဘဏ်တွေကနေ​ငွေစက္ကူထုတ်ယူမှု​တွေကိုကန့်သတ်ခဲ့ပြီး​နောက် ​ဖေ​ဖော်ဝါရီလကုန်ပိုင်းမှာဘဏ်​တွေက​ငွေထုတ်တဲ့အခါကျပ် တစ်သောင်းတန်ငွေစက္ကူအသစ်တွေ ရလာတယ်လို့ ငွေထုတ်ခဲ့သူတွေ ကပြောပါတယ်။

နိုင်ငံတကာ

လူသား ဝန်ထမ်းတွေရဲ့ နေရာမှာ ဉာဏ်ရည်တု (AI) နည်းပညာ ပိုမို အစားထိုးလာခြင်းနဲ့အတူ လာမယ့် ၃ နှစ်အတွင်း စင်ကာပူရဲ့ အကြီးဆုံးဘဏ်ဟာ ဝန်ထမ်းအင်အား ၄၀၀၀ လောက်ကို လျှော့ချသွားဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။