Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်၍ ဒီပဲယင်းမှ ဒေသခံပြည်သူ ၉ဦး လက်နက်ကြီးထိမှန်ထား

လတ်တလောတွင် မအူပင်အနောက်ရွာနှင့် ဆင်အင်းကျေးရွာများတွင် စစ်ကောင်စီတပ်များရှိနေသေးသောကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေအား အတိအကျမသိရသေးပေ။

(ရွှေဘိုနယ် မအူပင်အနောက်ရွာအား စစ်အုပ်စုက နိုင်ဝင်ဘာ ၃၀ ရက်(ယနေ့)မီးရှို့ဖျက်ဆီးနေစဥ်)
(ရွှေဘိုနယ် မအူပင်အနောက်ရွာအား စစ်အုပ်စုက နိုင်ဝင်ဘာ ၃၀ ရက်(ယနေ့)မီးရှို့ဖျက်ဆီးနေစဥ်)

စစ်ကိုင်းတိုင်း ရွှေဘိုနှင့် ဒီပဲယင်းမြို့နယ်စပ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၉ဦး လက်နက်ကြီးထိမှန်ထားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(နိုဝင်ဘာ ၃၀)နေ့လယ် ၃နာရီခန့်က ရွှေဘိုမြို့နယ် မအူပင်ရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဒီပဲယင်းနယ် မူးရိုးကုန်းရွာဘက်သို့ လက်ကြီးဖြင့် ရှစ်ချက်ထက်မနည်း ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူများ လက်နက်ကြီးထိမှန်ခဲ့ခြင်းဖြစ်သည်။

“ထိခိုက်သူက ကိုးဦးရှိပြီလို့ သိရပါတယ်ဗျ။ ကျား၊မ အကုန်မသိရသေးပါဘူး။ လတ်တလော ကျားသုံးဦး၊ မသုံးဦး ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ အတည်ပြုလို့ရပါတယ်ဗျ။ ကျန်စာရင်းတော့ မသိရသေးပါဘူး”ဟု ဒေသခံပြည်သူတစ် ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်သူများတွင် ထိခိုက်ဒဏ်ရာရရှိမှုအနည်းငယ်များသော်လည်း စိုးရိမ်ရသည့်အခြေအနေမရှိဟု ကနဦးသိရကြောင်း အထက်ပါဒေသခံက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်စစ်ကြောင်းသည် လက်နက်ကြီးများကျရောက်ခဲ့သော မူးရိုးကုန်းရွာနှင့် မူးမြစ် ခြားနေသည့် ရွှေဘိုမြို့နယ် မအူပင်အနောက် ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ညနေပိုင်းတွင်ဆင်အင်းရွာအား မီးထပ်ရှို့နေကြောင်း ဒေသခံများက ပြောသည်။

လတ်တလောတွင် မအူပင်အနောက်ရွာနှင့် ဆင်အင်းကျေးရွာများတွင် စစ်ကောင်စီတပ်များရှိနေသေးသောကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေအား အတိအကျမသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။