Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘရာဇီး ကားလမ်းမပေါ် မြေပြိုလို့ ၂ ဦးသေပြီး အများအပြား ပျောက်ဆုံးနေ

ကယ်ဆယ်ရေးတွေဟာ ရွှံ့ချပ်တွေအောက်ကနေ လူ ၆ ဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ကမ်းရိုးတန်း မြို့တစ်ခုဖြစ်တဲ့ ဂွာရာတူဘာရဲ့ မြို့တော်ဝန် ရောဘတ်တို ဂျီးဆက်စ်လည်း ပါဝင်ခဲ့ပါတယ်။

ဘရာဇီး ကားလမ်းမပေါ် မြေပြိုလို့ ၂ ဦးသေပြီး အများအပြား ပျောက်ဆုံးနေ
ဘရာဇီး ကားလမ်းမပေါ် မြေပြိုလို့ ၂ ဦးသေပြီး အများအပြား ပျောက်ဆုံးနေ

ဘရာဇီးနိုင်ငံမှာ ကားလမ်းတစ်ခုကို ကန့်လန့်ဖြတ်ပြီး မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၂ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေပါတယ်။

နိုဝင်ဘာ ၃၀ က ဘရာဇီးနိုင်ငံတောင်ပိုင်း၊ ပါရာနာ ပြည်နယ်ကို ဖြတ်သန်း ဖောက်လုပ်ထားတဲ့ BR-376 အဝေးပြေးလမ်းပိုင်း တစ်နေရာမှာ မြေပြိုမှု ဖြစ်ခဲ့တာပါ။ လမ်းပေါ်မှာ ကားတွေ ဥဒဟို သွားလာနေတုန်း ဘေးဖက် တောင်စောင်းက မြေသားတွေ ရုတ်တရက် ပဲ့ထွက်ပြီး ပြိုဆင်းခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

ဒေသတွင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့မှုတွေကြောင့် အခုလို ရုတ်တရက် မြေပြိုမှု ဖြစ်ခဲ့တာပါ။ ကယ်ဆယ်ရေး အဖွဲ့တွေက ရုပ်အလောင်း ၂ ခုကို ရှာဖွေ တွေ့ရှိထားပေမယ့် ပျောက်ဆုံးနေသူ အရေအတွက်က ၃၀ ကနေ ၅၀ ကြားထိ ရှိနိုင်ကြောင်း ပြောပါတယ်။ စာရင်းပျောက်နေသူတွေအတွက် မျှော်လင့်ချက်ကလည်း သိပ်မရှိပါဘူး။

ကယ်ဆယ်ရေးတွေဟာ ရွှံ့ချပ်တွေအောက်ကနေ လူ ၆ ဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ကမ်းရိုးတန်း မြို့တစ်ခုဖြစ်တဲ့ ဂွာရာတူဘာရဲ့ မြို့တော်ဝန် ရောဘတ်တို ဂျီးဆက်စ်လည်း ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂျီးဆက်စ်က သူကြုံတွေ့ခဲ့တာ ဆိုးရွားလွန်းကြောင်း၊ တောင်ကြီး တစ်ခုလုံး ရုတ်တရက် ပြိုကျလာသလို တွေ့လိုက်ရပြီး ကားတွေ အကုန် လွင့်ထွက်ကုန်ကြောင်း ပြောပါတယ်။

ပါရာနာမှာ လာမယ့် ရက်ပိုင်းအတွင်း မိုးများနေဦးမှာ ဖြစ်တာကြောင့် နောက်ထပ် မြေပြိုမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း အာဏာပိုင်တွေက သတိပေး ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ နေအိမ် ၂၀ခန့်နဲ့ ဘုရားစောင်းတန်းထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။