Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘရာဇီး ကားလမ်းမပေါ် မြေပြိုလို့ ၂ ဦးသေပြီး အများအပြား ပျောက်ဆုံးနေ

ကယ်ဆယ်ရေးတွေဟာ ရွှံ့ချပ်တွေအောက်ကနေ လူ ၆ ဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ကမ်းရိုးတန်း မြို့တစ်ခုဖြစ်တဲ့ ဂွာရာတူဘာရဲ့ မြို့တော်ဝန် ရောဘတ်တို ဂျီးဆက်စ်လည်း ပါဝင်ခဲ့ပါတယ်။

ဘရာဇီး ကားလမ်းမပေါ် မြေပြိုလို့ ၂ ဦးသေပြီး အများအပြား ပျောက်ဆုံးနေ
ဘရာဇီး ကားလမ်းမပေါ် မြေပြိုလို့ ၂ ဦးသေပြီး အများအပြား ပျောက်ဆုံးနေ

ဘရာဇီးနိုင်ငံမှာ ကားလမ်းတစ်ခုကို ကန့်လန့်ဖြတ်ပြီး မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၂ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေပါတယ်။

နိုဝင်ဘာ ၃၀ က ဘရာဇီးနိုင်ငံတောင်ပိုင်း၊ ပါရာနာ ပြည်နယ်ကို ဖြတ်သန်း ဖောက်လုပ်ထားတဲ့ BR-376 အဝေးပြေးလမ်းပိုင်း တစ်နေရာမှာ မြေပြိုမှု ဖြစ်ခဲ့တာပါ။ လမ်းပေါ်မှာ ကားတွေ ဥဒဟို သွားလာနေတုန်း ဘေးဖက် တောင်စောင်းက မြေသားတွေ ရုတ်တရက် ပဲ့ထွက်ပြီး ပြိုဆင်းခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

ဒေသတွင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့မှုတွေကြောင့် အခုလို ရုတ်တရက် မြေပြိုမှု ဖြစ်ခဲ့တာပါ။ ကယ်ဆယ်ရေး အဖွဲ့တွေက ရုပ်အလောင်း ၂ ခုကို ရှာဖွေ တွေ့ရှိထားပေမယ့် ပျောက်ဆုံးနေသူ အရေအတွက်က ၃၀ ကနေ ၅၀ ကြားထိ ရှိနိုင်ကြောင်း ပြောပါတယ်။ စာရင်းပျောက်နေသူတွေအတွက် မျှော်လင့်ချက်ကလည်း သိပ်မရှိပါဘူး။

ကယ်ဆယ်ရေးတွေဟာ ရွှံ့ချပ်တွေအောက်ကနေ လူ ၆ ဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ကမ်းရိုးတန်း မြို့တစ်ခုဖြစ်တဲ့ ဂွာရာတူဘာရဲ့ မြို့တော်ဝန် ရောဘတ်တို ဂျီးဆက်စ်လည်း ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂျီးဆက်စ်က သူကြုံတွေ့ခဲ့တာ ဆိုးရွားလွန်းကြောင်း၊ တောင်ကြီး တစ်ခုလုံး ရုတ်တရက် ပြိုကျလာသလို တွေ့လိုက်ရပြီး ကားတွေ အကုန် လွင့်ထွက်ကုန်ကြောင်း ပြောပါတယ်။

ပါရာနာမှာ လာမယ့် ရက်ပိုင်းအတွင်း မိုးများနေဦးမှာ ဖြစ်တာကြောင့် နောက်ထပ် မြေပြိုမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း အာဏာပိုင်တွေက သတိပေး ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နီပေါနိုင်ငံမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ဆိုးရွားတဲ့ မြေပြိုမှုတွေ ဖြစ်ပွားပြီး လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံဘက်ကနေရွေ့လျားလာတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံဘက်မှာ မိုးကြီးပြီး ကရင်နဲ့မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ်အချို့မှာ ရေကြီးမြေပြိုဘေးအန္တရာယ်ကြီးမားနေတယ်လို့ထိုင်းမိုးလေဝသဌာန (TMD) က သတိပေးချက်ထုတ်ပြန်ပါတယ်။

သတင်း

ပိတ်မိနေသူတွေရှိတာကြောင့် ကူညီကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေဟုဆို

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။