Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကြာအင်းဆိပ်ကြီးထဲတွင် စစ်ကြောင်းထိုးလာသည့်စစ်တပ်ကျူးလွန်မှုများကို ဒေသခံများထုတ်ပြော

ခလယ်ရွာကြီးအတွင်းတွင်လည်း စစ်ကောင်စီတပ်မှ ကားတစ်စီးဖြင့် လှည့်ပတ်နေပြီး စစ်ကောင်စီတပ်အတွက် ရိက္ခာများအား ကျေးရွာလူကြီးမှ ပေးပို့နေရကြောင်း ဝင်းရော်ဒေသ နွေဦးတော်လှန်ရေးလှုပ်ရှားလူငယ်များ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ကြာအင်းဆိပ်ကြီးထဲတွင် စစ်ကြောင်းထိုးလာသည့်စစ်တပ်ကျူးလွန်မှုများကို ဒေသခံများထုတ်ပြော
ကြာအင်းဆိပ်ကြီးထဲတွင် စစ်ကြောင်းထိုးလာသည့်စစ်တပ်ကျူးလွန်မှုများကို ဒေသခံများထုတ်ပြော

KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်တပ်အတွက် ရိက္ခာများအား ကျေးရွာလူကြီးက ပေးပို့နေရကြောင်း ဒေသခံများက ပြောသည်သည်။

ကြာအင်းဆိပ်ကြီး ခလယ်တံခွန်တိုင်တိုက်နယ်၌ စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်သည် ဒေသအတွင်းရှိ သွားလာနေသည့် ဒေသခံပြည်သူများအား စစ်ဆေးမှုများလည်းပြုလုပ်နေသည် ဟုဆိုသည်.

ပြီးခဲ့သည့် နိုဝင်ဘာလ(၂၈)ရက်ကစ၍ ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်-ပုလိန်-အဘစ် ကားလမ်းကနေတစ်ဆင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်သည် ပုလိန်ကျေးရွာအတွင်း တပ်စွဲအခြေချနေရာယူခဲ့ပြီး လက်နက်ကြီးပစ်ခတ်ခြင်း၊ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခြင်းများလည်းကျူးလွန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဒီဇင်ဘာလ(၃)ရက် နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်စစ်ကြောင်းသည် ဘုရားငါးဆူကျေးရွာ ရာဘာစက်ရုံရှေ့နှင့် ဘောလုံးကွင်းရှေ့တွင် ခရီးသွားပြည်သူများအား စစ်ဆေးမေးမြန်လျက်ရှိသည့်အပြင် ခလယ်ရွာလေး ဘုန်းကြီးကျောင်းရှေ့တွင်လည်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ဝင်းရော်ဒေသ နွေဦးတော်လှန်ရေးလှုပ်ရှားလူငယ်များထံမှ သိရသည်။

Public Service Announcement

Public Service Announcement

ခလယ်ရွာကြီးအတွင်းတွင်လည်း စစ်ကောင်စီတပ်မှ ကားတစ်စီးဖြင့် လှည့်ပတ်နေပြီး စစ်ကောင်စီတပ်အတွက် ရိက္ခာများအား ကျေးရွာလူကြီးမှ ပေးပို့နေရကြောင်း ဝင်းရော်ဒေသ နွေဦးတော်လှန်ရေးလှုပ်ရှားလူငယ်များ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ယခုလို စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် နယ်မြေခံ KNLA တပ်များနှင့် ထိတွေ့ပစ်ခတ်မှုများ စိုးရိမ်နေသည့်အတွက် ဒေသခံပြည်သူတချို့ တိမ်းရှောင်မှုများရှိခဲ့ပြီး လတ်တလောတွင် နှစ်ဖက်တပ်ထိတွေ့ပစ်ခတ်မှုများ မရှိသေးသေးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ကော့ကရိတ်မြို့၌ အင်အားအများအပြားအသုံးပြုထိုးစစ်ဆင်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား မြဝတီမြို့သို့မရောက်ရှိစေရန် ရဲဘော်များက ခက်ခက်ခဲခဲဖြင့် ကြားဖြတ်တိုက်ခိုက်နေသည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)အနေဖြင့် ပအိုဝ်းဒေသအတွင်းရှိ လူမျိုးပေါင်းစုံပြည်သူများ ထာဝရ ငြိမ်းချမ်းသာယာစွာ နေထိုင်ရပ်တည်နိုင်ရေး လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်နေလျက်ရှိနေကြောင်းလည်း PNLAက ထုတ်ပြန်သည်။