Connect with us

Hi, what are you looking for?

သတင်း

ကြာအင်းဆိပ်ကြီးထဲတွင် စစ်ကြောင်းထိုးလာသည့်စစ်တပ်ကျူးလွန်မှုများကို ဒေသခံများထုတ်ပြော

ခလယ်ရွာကြီးအတွင်းတွင်လည်း စစ်ကောင်စီတပ်မှ ကားတစ်စီးဖြင့် လှည့်ပတ်နေပြီး စစ်ကောင်စီတပ်အတွက် ရိက္ခာများအား ကျေးရွာလူကြီးမှ ပေးပို့နေရကြောင်း ဝင်းရော်ဒေသ နွေဦးတော်လှန်ရေးလှုပ်ရှားလူငယ်များ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ကြာအင်းဆိပ်ကြီးထဲတွင် စစ်ကြောင်းထိုးလာသည့်စစ်တပ်ကျူးလွန်မှုများကို ဒေသခံများထုတ်ပြော
ကြာအင်းဆိပ်ကြီးထဲတွင် စစ်ကြောင်းထိုးလာသည့်စစ်တပ်ကျူးလွန်မှုများကို ဒေသခံများထုတ်ပြော

KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်တပ်အတွက် ရိက္ခာများအား ကျေးရွာလူကြီးက ပေးပို့နေရကြောင်း ဒေသခံများက ပြောသည်သည်။

ကြာအင်းဆိပ်ကြီး ခလယ်တံခွန်တိုင်တိုက်နယ်၌ စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်သည် ဒေသအတွင်းရှိ သွားလာနေသည့် ဒေသခံပြည်သူများအား စစ်ဆေးမှုများလည်းပြုလုပ်နေသည် ဟုဆိုသည်.

ပြီးခဲ့သည့် နိုဝင်ဘာလ(၂၈)ရက်ကစ၍ ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်-ပုလိန်-အဘစ် ကားလမ်းကနေတစ်ဆင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်သည် ပုလိန်ကျေးရွာအတွင်း တပ်စွဲအခြေချနေရာယူခဲ့ပြီး လက်နက်ကြီးပစ်ခတ်ခြင်း၊ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခြင်းများလည်းကျူးလွန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဒီဇင်ဘာလ(၃)ရက် နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်စစ်ကြောင်းသည် ဘုရားငါးဆူကျေးရွာ ရာဘာစက်ရုံရှေ့နှင့် ဘောလုံးကွင်းရှေ့တွင် ခရီးသွားပြည်သူများအား စစ်ဆေးမေးမြန်လျက်ရှိသည့်အပြင် ခလယ်ရွာလေး ဘုန်းကြီးကျောင်းရှေ့တွင်လည်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ဝင်းရော်ဒေသ နွေဦးတော်လှန်ရေးလှုပ်ရှားလူငယ်များထံမှ သိရသည်။

Public Service Announcement

Public Service Announcement

ခလယ်ရွာကြီးအတွင်းတွင်လည်း စစ်ကောင်စီတပ်မှ ကားတစ်စီးဖြင့် လှည့်ပတ်နေပြီး စစ်ကောင်စီတပ်အတွက် ရိက္ခာများအား ကျေးရွာလူကြီးမှ ပေးပို့နေရကြောင်း ဝင်းရော်ဒေသ နွေဦးတော်လှန်ရေးလှုပ်ရှားလူငယ်များ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ယခုလို စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် နယ်မြေခံ KNLA တပ်များနှင့် ထိတွေ့ပစ်ခတ်မှုများ စိုးရိမ်နေသည့်အတွက် ဒေသခံပြည်သူတချို့ တိမ်းရှောင်မှုများရှိခဲ့ပြီး လတ်တလောတွင် နှစ်ဖက်တပ်ထိတွေ့ပစ်ခတ်မှုများ မရှိသေးသေးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။