Connect with us

Hi, what are you looking for?

သတင်း

ကုန်းသာရွာတိုက်ပွဲ စစ်ကောင်စီတပ် ငါးဦးသေဟု KRU ပြော

အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် မြေပြင် ၊ ဝေဟင် ပစ်ကူများဖြင့် ဆုံးရှုံးခဲ့သည့် နယ်မြေများ ပြန်လည်ရယူရန် ယခုလ ၃ရက်ကစ၍ ထိုးစစ်ဆင်နေခြင်းလည်းဖြစ်သည်။

(KRU မှ ရဲဘော်များအား တွေ့ရစဉ်)
(KRU မှ ရဲဘော်များအား တွေ့ရစဉ်)

▪️KRU ရဲဘော်တစ်ဦး ပျောက်ဆုံးနေဟု အသိပေး

စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတပ်မှ ငါးဦးသေဆုံးကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)က ယနေ့(ဒီဇင်ဘာ ၉ ရက်) ထုတ်ပြန်သည်။

KRU၏ လှုပ်ရှားနယ်မြေဖြစ်သော ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ စစ်ကြောင်းသုံးခုဖြင့် ဒီဇင်ဘာ ၆ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကြောင်းထိုးလာခဲ့ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း ထောင်ထားသော မိုင်းများနင်းမိ၍ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ အများအပြားဒဏ်ရာရပြီး အနီးကပ်ပစ်ခေတ်မူအတွင်း တစ်ဦးထပ်မံသေဆုံးသည်ကို KRUက အတည်ပြုသည်။

“အဲဒီ​နေ့တိုက်ပွဲက တစ်နေကုန်ကို ဖြစ်တာ။အခုထိလည်း ကုန်းသာမှာ စစ်ဆိုင်ထားတဲ့အခြေ အနေပါပဲ။အချိန်မရွေးဖြစ်နိုင်တယ်”ဟု KRU တာဝန် ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲအတွင်း ရဲဘော်ငါးပျောက်ဆုံးခဲ့ပြီး ပြန်လည်ရှာဖွေရာတွင် ဒဏ်ရာရရဲဘော်လေးဦးကို တွေ့ရှိ ခေါ်ဆောင်နိုင်ခဲ့သော်လည်း ကျန်တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

ပျောက်ဆုံးနေသော ရဲဘော်အား လက်ရှိအချိန်ထိ ရှာဖွေမူများ လုပ်ဆောင်နေကြောင်းလည်း အသိပေးသည်။

ထို့အပြင် တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်၍ ကျည် ၊ခဲယမ်းများ အမြန်ဆုံးကူညီပေးကြရန် KRU က မေတ္တာရပ်ခံထားသည်။

နိုဝင်ဘာ ၂၈ ရက်ကစ၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)မှဦးဆောင်၍ ကရင်နီတပ်မတော် (KA) ၊အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့၊ DMO PDF၊ Loikaw PDFတို့က စစ်ကောင်စီတပ်များ တပ်စွဲထားသော ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊သေးဆူလဲ၊ပူဖားနှင့်ဒေါကမီးကျေးရွာများတွင် နယ်မြေစိုးမိုးရေး ပူးပေါင်းစစ်ဆင်ရေး တစ်ရပ်ဆင်နွဲခဲ့သည်။

အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် မြေပြင် ၊ ဝေဟင် ပစ်ကူများဖြင့် ဆုံးရှုံးခဲ့သည့် နယ်မြေများ ပြန်လည်ရယူရန် ယခုလ ၃ရက်ကစ၍ ထိုးစစ်ဆင်နေခြင်းလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။