Connect with us

Hi, what are you looking for?

သတင်း

အရာတော် – မုံရွာလမ်းပိုင်းတွင် စစ်အုပ်စုက မိုင်းကွင်းတည့်တည့်ပေါ် ကင်းပုန်းလာဝပ်

ဒီဇင်ဘာ ၇ရက် နံနက် ၆နာရီခန့်က အရာတော် – မုံရွာလမ်းမပေါ်ရှိ ချမ်းသာရွာဘုန်းကြီးကျောင်းအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများနှင့် မဟာမိတ်တပ်ဖွဲ့များ ၁၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

မိုင်းထိ စစ်အုပ်စုအား တင်ထားရသည့် အရာတော်ဆေးရုံအား တွေ့ရစဥ်၊ ဓာတ်ပုံ - Danger Force LPDF

စစ်ကိုင်းတိုင်း၊ အရာတော် – မုံရွာလမ်းပိုင်းပေါ်တွင် မိုင်းကွင်းတည့်တည့်ပေါ် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Danger Force LPDF အဖွဲ့တာဝန်ခံ ဗိုလ်ရန်ရှင်းက ပြောသည်။

ဒီဇင်ဘာ ၇ရက် နံနက် ၆နာရီခန့်က အရာတော် – မုံရွာလမ်းမပေါ်ရှိ ချမ်းသာရွာဘုန်းကြီးကျောင်းအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများနှင့် မဟာမိတ်တပ်ဖွဲ့များ ၁၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ထို့နောက် ညနေ ၆နာရီခန့်တွင် အရာတော် – မုံရွာ လမ်းမပေါ်ရှိ ကမ်းပြူအရှေ့ရွာအနီး၌ မိုင်းကွင်းတည့်တည့်ပေါ်သို့ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများအား ပဒေသာမိုင်း (၅) လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးပြီး နှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း Danger Force LPDF အဖွဲ့က သတင်းထုတ်ပြန်သည်။

“မနက်ခင်း တိုက်ပွဲပြီးတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ဆိုင်ကယ် နှစ်စီး ကျန်ခဲ့တာပေါ့။ ဖြစ်ချင်တော့ ဆိုင်ကယ်က မိုင်းကွင်းနားမှာ။ စ…(စစ်ကောင်စိတပ်သား)တွေလည်း ဆိုင်ကယ်ကို ဘယ်သူလာယူမလဲဆိုပြီး မိုင်းကွင်းတည့်တည့်ပေါ် ကင်းဝပ်တဲ့ ချိန်မှာ ဆွဲလိုက်တာပါ။ ငါး ယောက်က တော်တော်ထိသွားတယ်” ဟုDanger Force LPDF အဖွဲ့ တာဝန်ခံ ဗိုလ်ရန်ရှင်းက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့နောက် သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ပြီးနောက် ထိခိုက်သေဆုံးသူများအား ကားဖြင့် အရာတော်ဆေးရုံသို့ သယ်ဆောင်သွားသည်ဟု ဆိုသည်။ အရာတော်ဆေးရုံအနီးတွင် စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားကာ ည ၇နာရီခန့်တွင် သေနတ်များ အဆက်မပြက် ပစ်ဖောက်ခဲ့ကြောင်း ဗိုလ်ရန်ရှင်းက ပြောသည်။

“ဆေးရုံ အဆက်ဆက်စုံစမ်းတော့ သုံးဦး သေဆုံးပြီး နှစ်ဦး အပြင်းထန်ဒဏ်ရတယ်လို့ သိရတယ်ဗျ။”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါစစ်ဆင်ရေးကို Danger Force LPDF၊ Zero ပျောက်ကြားတပ်ဖွဲ့ (မြင်းခြံ)၊စစ်ကိုင်းနွေဦးရဲဘော်(စစ်ကိုင်းတိုင်း)၊ ကြယ်နီတပ်ဦး မုံရွာခရိုင်တပ်ရင်း(၁၉)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၄ ရက်ကတည်းက အရာတော်မြို့နယ်၊ ကမ်းပြူရွာ၊ ချမ်းသာရွာများတွင် တပ်စွဲထားပြီး အရာတော်-မုံရွာလမ်းပေါ်တွင်လည်း ကင်းပုန်းများချထားခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်အား ဒီဇင်ဘာ ၆ ရက် ညနေကတည်းက စစ်ဆင်ရေးများလုပ်ရန် စောင့်ဆိုင်းခဲ့ပြီး ဒီဇင်ဘာ ၇ရက်နေ့ နံနက်၆နာရီအချိန် ၎င်းတို့ကင်းပုန်းဝပ်ထွက်လာချိန် ၁၅ မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။