Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအပေါ် နျူကလီးယား ခြိမ်းခြောက်မှုကြောင့် ပူတင်နဲ့ လူချင်းတွေ့မယ့် ကိစ္စကို မိုဒီ ဖျက်သိမ်း

အိန္ဒိယ အစိုးရ အဖွဲ့ထဲက အမည်မဖော်ပြတဲ့ အရာရှိ တစ်ဦးက ဒီကိစ္စကို Bloombergဆီ အတည်ပြု ပြောကြားခဲ့တာပါ။ မိုဒီက လက်ရှိ အခြေအနေမျိုးမှာ ပူတင်နဲ့ အလွန်အကျွံ အရောတဝင် လုပ်မိရင် သူ့ရဲ့ ပုံရိပ်ကိုပါ ထိခိုက်လာမှာ စိုးရိမ်နေတယ်လို့ အဲဒီ အရာရှိက ဆိုပါတယ်။

ယူကရိန်းအပေါ် နျူကလီးယား ခြိမ်းခြောက်မှုကြောင့် ပူတင်နဲ့ လူချင်းတွေ့မယ့် ကိစ္စကို မိုဒီ ဖျက်သိမ်း
ယူကရိန်းအပေါ် နျူကလီးယား ခြိမ်းခြောက်မှုကြောင့် ပူတင်နဲ့ လူချင်းတွေ့မယ့် ကိစ္စကို မိုဒီ ဖျက်သိမ်း

ယူကရိန်း စစ်ပွဲမှာ နျူကလီးယားလက်နက် သုံးစွဲနိုင်တယ် ဆိုတဲ့ သဘောမျိုး ခြိမ်းခြောက်တာတွေ ရှိနေတာကြောင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံမယ့် ကိစ္စကို အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။

မူလက မိုဒီဟာ နှစ်ပတ်လည် ရုရှား-အိန္ဒိယ ထိပ်သီး အစည်းအဝေးမှာ ပူတင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ပူတင်က ယူကရိန်း စစ်ပွဲမှာ နျူကလီးယားလက်နက် သုံးစွဲတာတွေ ရှိချင် ရှိလာမယ် ဆိုတာမျိုး ခြိမ်းခြောက် ပြောဆိုခဲ့တဲ့နောက် မိုဒီက နောက်ပြန်ဆုတ်သွားတယ်လို့ Blomberg သတင်းဌာနက ဖော်ပြပါတယ်။

အိန္ဒိယ အစိုးရ အဖွဲ့ထဲက အမည်မဖော်ပြတဲ့ အရာရှိ တစ်ဦးက ဒီကိစ္စကို Bloombergဆီ အတည်ပြု ပြောကြားခဲ့တာပါ။ မိုဒီက လက်ရှိ အခြေအနေမျိုးမှာ ပူတင်နဲ့ အလွန်အကျွံ အရောတဝင် လုပ်မိရင် သူ့ရဲ့ ပုံရိပ်ကိုပါ ထိခိုက်လာမှာ စိုးရိမ်နေတယ်လို့ အဲဒီ အရာရှိက ဆိုပါတယ်။

ရုရှားအစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကလည်း ဒီဇင်ဘာလမှာ ပုံမှန် ကျင်းပနေကျ ရုရှား-အိန္ဒိယ ထိပ်သီးညီလာခံဟာ အခုနှစ်မှာ မပြုလုပ်ဖြစ်ဖူးလို့ သီးခြား ကြေညာခဲ့ပေမယ့် အကြောင်းရင်းကိုတော့ ဘာမှတ်ချက်မှ ပေးမသွားပါဘူး။

Public Service Announcement

Public Service Announcement

ပူတင်ဟာ အခု သီတင်းပတ်အတွင်း ရုရှား လူ့အခွင့်အရေး ကောင်စီနဲ့ အစည်းအဝေးမှာ လိုအပ်ရင် နျူကလီးယား စစ်လက်နက်တွေ အသုံးပြုမယ်ဆိုတဲ့ သဘောမျိုး အကြိမ်ကြိမ် ပြောသွားခဲ့ပါတယ်။ ရုရှားနဲ့ အိန္ဒိယတို့ဟာ ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးမျိုး ရှိနေပေမယ့်လည်း စက်တင်ဘာ လတုန်းက မိုဒီဟာ ယူကရိန်း ကျူးကျော်စစ်နဲ့ ပတ်သက်လို့ ပူတင်ကို ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း အနောက်နိုင်ငံတွေလိုမျိုး ရုရှားကို ပြင်းပြင်းထန်ထန် ရှုတ်ချတာမျိုးကိုတော့ အိန္ဒိယ အစိုးရက လက်ရှောင်နေဆဲပါ။

အိန္ဒိယဟာ ကာကွယ်ရေး စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူရေးအတွက် လက်ရှိ အချိန်ထိ ရုရှားအပေါ် အကြီးအကျယ် မှီခိုနေရဆဲ ဖြစ်ပါတယ်။ ရုရှားနဲ့ အိန္ဒိယ ခေါင်းဆောင်တွေဟာ ၂၀၀၀ ပြည့်နှစ်ကစလို့၊ ခြွင်းချက်အနေနဲ့ ကိုဗစ် ကပ်ရောဂါ ကာလတွေကလွဲလို့ နှစ်စဉ် ထိပ်သီး အစည်းအဝေးအဖြစ် တွေ့ဆုံခဲ့ကြကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်သမ္မတရဲ့ အလည်အပတ် ခရီးစဉ် မတိုင်ခင် တစ်ရက်မှာ မြောက်ကိုရီးယားက နိုင်ငံရဲ့ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေမယ့်အကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။