Connect with us

Hi, what are you looking for?

ဗီဒီယို

Time မဂ္ဂဇင်းရဲ့ တစ်နှစ်တာ အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် ယူကရိန်း သမ္မတ ဇီလန်စကီးကို ရွေးချယ်

Timeဟာ နှစ်တစ်နှစ် ကုန်ဆုံးခါနီးတိုင်း တစ်နှစ်တာ အထင်ရှားဆုံး လူပုဂ္ဂိုလ်တွေကို သတ်မှတ် ဖော်ပြလေ့ ရှိရာမှာ ၂၀၂၂ ခုနှစ်အတွက် ဇီလန်စကီးကို ရွေးချယ်လိုက်တာပါ။ Timeက ဇီလန်စကီးရဲ့ ပုံကို အဓိက ဖော်ပြထားတဲ့ မဂ္ဂဇင်း မျက်နှာဖုံးကိုလည်း ထုတ်ပြန်ပြခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးရဲ့ တစ်နှစ်တာ အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

Timeဟာ နှစ်တစ်နှစ် ကုန်ဆုံးခါနီးတိုင်း တစ်နှစ်တာ အထင်ရှားဆုံး လူပုဂ္ဂိုလ်တွေကို သတ်မှတ် ဖော်ပြလေ့ ရှိရာမှာ ၂၀၂၂ ခုနှစ်အတွက် ဇီလန်စကီးကို ရွေးချယ်လိုက်တာပါ။ Timeက ဇီလန်စကီးရဲ့ ပုံကို အဓိက ဖော်ပြထားတဲ့ မဂ္ဂဇင်း မျက်နှာဖုံးကိုလည်း ထုတ်ပြန်ပြခဲ့ပါတယ်။

ဇီလန်စကီးဟာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ ကာလတလျှောက် နိုင်ငံကို အကောင်းဆုံး ဦးဆောင်မှု ပေးခဲ့သူလို့ Timeက ချီးကျူး ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီလ ကတည်းက စတင်လာတဲ့ စစ်ပွဲဟာ အခုဆို ၁၀ လနီးပါး ကြာမြင့်လာပြီဖြစ်ပြီး ယူကရိန်းက မဆုတ်မနစ် ဆက်လက် ခုခံနေပြီး လက်နက်အင်အားကြီးနိုင်ငံ ရုရှားကို အကြီးအကျယ် သိက္ခာကျဆင်းနေစေပါတယ်။

အသက် ၄၄ နှစ်အရွယ် ဇီလန်စကီးဟာ အရင်တုန်းက ဟာသဇာတ်ဆောင် မင်းသားတစ်ဦး ဖြစ်ပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ ရွေးကောက်ပွဲ အနိုင်ရပြီး သမ္မတ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရေး အတွေ့အကြုံ သိပ်မရှိတဲ့ သူ့ရဲ့ ခေါင်းဆောင်မှု စွမ်းရည်အပေါ် သံသယနဲ့ စောင့်ကြည့်တာတွေ ရှိခဲ့ပေမယ့်လည်း စစ်ပွဲကာလမှာတော့ ဇီလန်စကီးဟာ နိုင်ငံတကာကပါ လေးစားရတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ရပ်တည်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Time မဂ္ဂဇင်းဟာ ခါဆွန်မြို့ကို ယူကရိန်းတပ်တွေ ပြန်လည် သိမ်းယူပြီး ဇီလန်စကီးက ရှေ့တန်းထိ သွားရောက်ခဲ့ချိန်မှာ သူနဲ့အတူ လိုက်ပါသွားခဲ့ဖူးပါတယ်။ အဲဒီတုန်းက လုံခြုံရေး အခြေအနေတွေဟာ လုံးဝ စိတ်မချရကြောင်း သူ့ပြည်သူတွေ စိတ်အား တက်ကြွစေဖို့ ဒီခရီးကို မဖြစ်မနေ သွားဖို့လိုကြောင်း ဇီလန်စကီးက မဂ္ဂဇင်းရဲ့ သတင်းထောက်ကို ပြောခဲ့ဖူးပါတယ်။

Timeနဲ့ အင်တာဗျူးမှာ ဇီလန်စကီးက စစ်ပွဲနဲ့ ပတ်သက်လို့ သူ့ရဲ့ အောင်မြင်ရေး ရည်မှန်းချက်က အသိမ်းပိုက်ခံ ယူကရိန်း နယ်မြေတွေ ပြန်လည် လွတ်မြောက်တာတင် မကဘဲ ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်တာမျိုး နောက်ထပ် လုံးဝ ဖြစ်မလာတာ သေချာဖို့အထိ ဖြစ်တယ်လို့လည်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။