Connect with us

Hi, what are you looking for?

သတင်း

နမ့်ဆန်တိုက်ပွဲ လေးရက်မြောက်နေ့တွင် စစ်ကောင်စီလေကြောင်းမှ ငါးကြိမ်ခန့် တိုက်ခိုက်ခဲ့ဟု TNLAပြော

နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရပြီး လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာများရှိ နေအိမ်များ ပျက်စီးမှု ရှိခဲ့သည်။

နမ့်ဆန်တိုက်ပွဲ လေးရက်မြောက်နေ့တွင် စစ်ကောင်စီလေကြောင်းမှ ငါးကြိမ်ခန့် တိုက်ခိုက်ခဲ့ဟု TNLAပြော
နမ့်ဆန်တိုက်ပွဲ လေးရက်မြောက်နေ့တွင် စစ်ကောင်စီလေကြောင်းမှ ငါးကြိမ်ခန့် တိုက်ခိုက်ခဲ့ဟု TNLAပြော

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် ယနေ့နံနက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများဖြင့် ဆက်လက်တိုက်ခိုက်နေကြောင်း တအာင်းတပ်မတော်(TNLA) သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောကြားသည်။

ဒီဇင်ဘာ ၇ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် စစ်အင်အားချထိုးစစ်ဆင်လာ၍ တိုက်ပွဲစတင်ခဲ့ရာ လေးရက်ဆက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု ၎င်းကဆိုသည်။

“တိုက်ပွဲကတော့ ဆက်ဖြစ်နေသေးတယ်။ ဒီနေ့လည်း လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ပစ်တယ်။ အခုမနက်ဆိုရင်တော့ ငါးကြိမ်လောက်တော့ရှိပြီ လာပစ်တာ၊ ဂျက်ဖိုက်တာနဲ့ရော ရဟတ်ယာဉ်နဲ့ရော”ဟု ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က ပြောသည်။

ယမန်နေ့ညပိုင်းတွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း TNLAဘက်က အသိပေးသော်လည်း အသေးစိတ် အခြေအနေများကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ရှမ်းမြောက်ဒေသခံအချို့ကမူ စစ်ကောင်စီတပ်ကို TNLAက ပိတ်ဆို့နိုင်သည့် အခြေအနေကြောင့် စစ်ကောင်စီတပ်မှ အထိနာခဲ့ကြောင်း ပြောပြသည်။ ဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်သားများရှိကြောင်း ကြားသိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

“ရေရှည်ဖြစ်နိုင်တာလားဆိုတာက ဒါကတော့ စစ်အာဏာရှင်က တော်လှန်ရေးအင်အားစုကို တိုက်ခိုက်တာ လုပ်ရိုးလုပ်စဉ်ဖြစ်တယ်။ သူတို့က ကျွန်တော်တို့ ရှိတဲ့နေရာတည့်တည့်ကို လူလာချလို့တိုက်ပွဲတွေဖြစ်တာ။ အဲဒါကြောင့် တိုက်ပွဲက ပြင်းထန်တယ်”ဟု ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က ပြောသည်။

နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရပြီး လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာများရှိ နေအိမ်များ ပျက်စီးမှု ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။