Connect with us

Hi, what are you looking for?

News

ယ​နေ့ည​နေ ၄ နာရီအထိ ပြည်နယ်​လေးခုတွင် တိုက်ပွဲများဖြစ်ပွား​နေ

ကချင်၊ကရင် ၊ရှမ်း နှင့် ကယားပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား​နေသည်။ ထိုအပြင် နိုင်ငံတစ်ဝန်းတွင် စစ်​ကောင်စီတပ်များကို ပစ်မှတ်ထား၍ ဗုံးခွဲ တိုက်ခိုက်မှုများ များစွာလည်းဖြစ်​ပေါ်​နေသည်။

အာဏာသိမ်းစစ်​ကောင်စီကို ပြည်သူ​များ၏ ခုခံ​​တော်လှန်စစ် ယ​နေ့စတင်ပြီဟု အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ယာယီသမ္မတဒူဝါလရှီးလ က ​ကြေညာပြီး​နောက် ယ​နေ့ ည​နေ ၄ နာရီ အချိန် အထိ ရရှိ​သောသတင်းများအရ ကချင်၊ကရင် ၊ရှမ်း နှင့် ကယားပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား​နေသည်။ ထိုအပြင် နိုင်ငံတစ်ဝန်းတွင် စစ်​ကောင်စီတပ်များကို ပစ်မှတ်ထား၍ ဗုံးခွဲ တိုက်ခိုက်မှုများ များစွာလည်းဖြစ်​ပေါ်​နေသည်။

● ကချင်နှင့် စစ်ကိုင်းအစပ်တိုက်ပွဲ

ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းအစပ်ရှိ ဟုမ္မလင်းမြို့နယ်ရှိ နမ့်သာ ဒေသတွင် ယ​နေ့ နံနက် ၁၀နာရီမှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)က ယနေ့ မနက်တွင် ဝင်ရောက်တိုက်ခိုက်​နေပြီး တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။

● တနင်္သာရီတိုင်း ပု​လောမြို့နယ်တိုက်ပွဲ

Public Service Announcement

Public Service Announcement

တနင်္သာရီတိုင်း ပု​လောမြို့နယ်ရှိ KNU တပ်မဟာ ၄ နယ်​မြေတွင် ယ​နေ့နံနက်က စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်နေရာယူလာသဖြင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA)တပ်မဟာ ၄၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့( KNDO) တပ်ရင်း ၇ တို့နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား​နေသည်။

ပုလောမြို့နှင့် ၆ မိုင်အကွာရှိ ပိန္နဲတောင်ရွာနှင့် ဒူးရင်းပင် ချောင်ရွာ အနီးတဝိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၀ က စစ်ကြောင်း ၂ ကြောင်းခွဲကာ ချီတက်လာသဖြင့် KNU ၏ တပ်မဟာ ၄ နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ နံနက် ၇ နာရီ​ကျော်တွင်ဖြစ်ပွား​​သော တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ ပြန်ဆုတ်သွားပြီ ၈ နာရီခွဲတွင် တပ်ပြန်လည်းစုစည်းကာ တိုက်ပွဲထပ်ဖြစ်​​နေ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

● ကယားပြည်နယ်မှတိုက်ပွဲ

ကယားပြည်နယ်
လွိုင်ကော်နှင့်ဒီမော့ဆိုမြို့နယ် အကြား ‌ဒေါပိုးစီကျေးရွာ အနီး တွင်လာရောက်တပ်စွဲသော စစ်ကောင်စီတပ်များကို ယနေ့မွန်းလွဲ ၃ နာရီ၌ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တပ်ရင်းများကတိုက်ခိုက် လျက်ရှိကြောင်း KNDFက သတင်းထုတ်ပြန်သည်။


● မုံးကိုး​ဒေသ တိုက်ပွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးမြို့နယ်နှင့် ရှစ်မိုင်ခန့်အကွာတွင် ယနေ့ နံနက် ၁၁ နာရီခွဲခန့်အချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကိုးကန့် (MNDAA) တပ်တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲ ဖြစ်ပွားချိန် ၁၀ မိနစ်ဝန်းကျင် ကြာပြီး နှစ်ဖက် ကျဆုံး ဒဏ်ရာရရှိသူစာရင်းကို မူမသိ့ရှိရ​သေး​ပေ ။

အခြား​ဒေသများတွင်လည်း တိုက်ပွဲများဖြစ်ပွား​နေနိုင်​သော်လည်းအတည်၍ ရသမျှသာ​ဖော်ပြထားခြင်းဖြစ်ပါသည်။အထက်ပါတိုက်ပွဲသတင်းများကို
ယ​နေ့ည​နေ ၄ နာရီအထိ့ ​ဒေသခံများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ​ဒေသတွင်းသတင်းဌာနများက အတည်ပြုထုတ်ပြန်ထား​သော သတင်းကိုသာ​ဖော်ပြထားခြင်းဖြစ်ပါသည်။ အလားတူ ရန်ကုန် ၊မန္တ​လေး ၊က​လေး စ​သော မြို့များအပါအဝင် နိုင်တစ်ဝန်းတွင် စစ်​ကောင်စီတပ်များကို ပစ်မှတ်ထား ဗုံခွဲတိုက်ခိုက်မှုများ ၊ဒလန်များကို ရှင်းလင်းမှုများလည်း ​တော်လှန်​ရေးတပ်ဖွဲ့များက ပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။