Connect with us

Hi, what are you looking for?

သတင်း

တံတားဦးမြို့နယ်ဗဟိုပြုငလျင်လှုပ်၊ ထိခိုက်ပျက်စီးမှု​တွေရှိ

ငလျင်ဟာ မြေအနက်တိမ်တဲ့နေရာမှာလှုပ်သွားလို့လှုပ်ရှားမှုသိသိသာသာ ပြင်းထန်ပါတယ်။ တံတားဦး၊ မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ မတ္တရာ၊ ပြင်ဦးလွင်အပါအဝင် ဗဟိုချက်အနီးပတ်ဝန်းကျင်က မြို့နယ် ဆယ်မြို့နယ်ထက်မနည်းမှာ သိသိသာသာ လှုပ်သွားခဲ့ပါတယ်။

(ပြင်းအား ရစ်ချ်တာစ​ကေး ၅ ရှိငလျင်​ကြောင့် ပျက်စီးမှုအချို့ ​ကို့​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(ပြင်းအား ရစ်ချ်တာစ​ကေး ၅ ရှိငလျင်​ကြောင့် ပျက်စီးမှုအချို့ ​ကို့​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

▪︎​ဒေသခံ​တွေက မင်း​​ပြောင်းမင်းလွှဲဖြစ်​အောင်၊ မ​ကောင်းဆိုးရွားများထွက်သွားရန်သံပုံးတီး

တံတားဦးမြို့နယ်မှာ နံနက်အစောပိုင်းက အင်အားသိသိသာသာပြင်းတဲ့ငလျင်လှုပ်ခဲ့ပြီး ငလျင်ကိုခံစားလိုက်ရတဲ့ မြို့နယ်တွေကဒေသခံတွေဟာမင်းပြောင်းမင်းလွှဲဖြစ်အောင်နဲ့မကောင်းဆိုးဝါးတွေ ထွက်သွားအောင်ဆိုပြီး သံပုံးတီးမောင်းထုတ်ခဲ့ကြပါတယ်။

ငလျင်ဟာ ဒီနေ့မနက် ၃နာရီ ၁၇မိနစ်မှာ တံတားဦးမြို့နယ်ကို ဗဟိုပြုပြီး လှုပ်သွားတာပါ။ ရစ်ချ်တာစကေး ၅အဆင့်ရှိပြီး မြေအနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာလို့ တစ်ကမ္ဘာလုံးက​မြေငလျင်လှုပ်ရှားမှုတွေကို မှတ်တမ်းတင် ဖော်ပြနေတဲ့ USGS ကဖော်ပြထားပါတယ်။

“ငလျင်လှုပ်တာနဲ့ တစ်ရပ်ကွက်လုံး သံပုံးတွေ၊ဒန်အိုးဒန်ခွက်တွေ ထတီးကြတာ။ မအေးယိုး မင်းအောင်လှိုင်လည်း ခွေးပုလ္လင်ပေါ်ကနေဆင်းဆင်းလို့တစ်အိမ်သားလုံး အော်ပြီး တီးကြတာ။ တစ်ရပ်ကွက်လုံး ဆူညံသွားတာပဲ”လို့ဒေသခံတစ်ဦးကပြောပါတယ်။

(ပြင်းအား ရစ်ချ်တာစ​ကေး ၅ ရှိငလျင်​ကြောင့် ပျက်စီးမှုအချို့ ​ကို့​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(ပြင်းအား ရစ်ချ်တာစ​ကေး ၅ ရှိငလျင်​ကြောင့် ပျက်စီးမှုအချို့ ​ကို့​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

အမရပူရ၊ တံတားဦးမြို့နယ်အပါအဝင်မန္တလေးတိုင်းအတွင်းမြို့နယ်အချို့မှာငလျင်လှုပ်ချိန် သံပုံးတီးပြီး မကောင်းဆိုးဝါးတွေ မောင်းထုတ်ကြတဲ့အလေ့အထ ရှိပါတယ်။

Public Service Announcement

Public Service Announcement

“ဟိုအရင်ကတော့မမြင်ရတဲ့မကောင်းဆိုးဝါးကိုမောင်းထုတ်တာ။ အခုကတော့ မင်းအောင်လှိုင်ကို စိတ်ထဲကနေ မြင်အောင်ကြည့်ပြီး ခွေးမောင်းသလို မောင်းထုတ်တာ” ဟုတံတားဦးဒေသခံတစ်ဦးကပြောသည်။

ငလျင်ဟာ မြေအနက်တိမ်တဲ့နေရာမှာလှုပ်သွားလို့လှုပ်ရှားမှုသိသိသာသာ ပြင်းထန်ပါတယ်။ တံတားဦး၊ မန္တလေး၊ စစ်ကိုင်း၊ အမရပူရ၊ မတ္တရာ၊ ပြင်ဦးလွင်အပါအဝင် ဗဟိုချက်အနီးပတ်ဝန်းကျင်က မြို့နယ် ဆယ်မြို့နယ်ထက်မနည်းမှာ သိသိသာသာ လှုပ်သွားခဲ့ပါတယ်။

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ခန္တောကျောင်းတိုက်ကပတ္တမြားစေတီတော်ရဲ့စိန်ဖူးတော် မြေခခဲ့ပါတယ်။ကျောင်းတိုက်ထဲက အဆောက်အဦးအချို့ရဲ့ မျက်မှာကြက်တွေလည်း ပျက်စီးခဲ့ပါတယ်။ စစ်ကိုင်းမြို့ထဲက အိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

(ပြင်းအား ရစ်ချ်တာစ​ကေး ၅ ရှိငလျင်​ကြောင့် ပျက်စီးမှုအချို့ ​ကို့​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(ပြင်းအား ရစ်ချ်တာစ​ကေး ၅ ရှိငလျင်​ကြောင့် ပျက်စီးမှုအချို့ ​ကို့​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

ဒါ့အပြင် စစ်ကိုင်း၊မင်းကွန်းရပ်မှ နာမည်ကြီး ခြင်္သေ့ရုပ်ကြီး​ရဲ့ညာဘက်လက်လည်း လက်မောင်းရင်းကနေ ပြတ်ကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ မန္တ​လေးတစ်ဝိုက်က ​ရှေး​ဟောင်းဘုရား၊​စေတီ၊ဆင်းတု​တော်အချို့ပျက်စီးမှု​တွေရှိခဲ့ပါတယ်။လူ​နေအိမ်အချို့လည်း ထိ့ခိုက်ပျက်စီးမှု​တွေရှိခဲ့​ပေမယ် လူ​သေဆုံးထိခိုက်မှုရှိတယ်လို့​ခုချိန်ထိသတင်းမတက်လာ​သေးပါဘူး။

“ငလျင်ကဘယ်ညာသုံးလေးခါ၊ ရှေ့နောက်တစ်ခါ ခပ်ပြင်းပြင်းလှုပ်သွားတယ်”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

​ဘူမိဗေဒပညာရှင်အချို့၏ သုံးသပ်မှုများအရ ယနေ့နံနက်လှုပ်ခတ်သွားတဲ့ ငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ကြောအပေါ်တည့်တည့် လှုပ်ခတ်သွားခြင်းဖြစ်ပြီး ​နောက်ဆက်တွဲ​မြေငလျင်အသေး​တွေ ထပ်မံလှုပ်ခတ်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

(ပြင်းအား ရစ်ချ်တာစ​ကေး ၅ ရှိငလျင်​ကြောင့် ပျက်စီးမှုအချို့ ​ကို့​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ စစ်တပ်က ပေါ်တာဆွဲတာတွေပြုလုပ်နေပြီး အခုအပတ်စဉ်အတွက် လူငယ် ၁၀၀ အထိ ပေါ်တာဆွဲမယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဆောင်းပါး

ဇေအောင်/People’s Spring တံတားဦးမြို့ဝရောက်တော့ နေမွန်းတည့်လေပြီ။ တံတားဦးသည် တိတ်ဆိတ်လေးတွဲ့စွာဖြင့် ကြိုဆိုခဲ့သည်။ မြို့အဝင် ရန်ကုန်-မန္တလေးလမ်းကို မေးတင်ထားသော လမ်းဘယ်ညာနှဘက်မှ ဆီဆိုင်နှစ်ဆိုင်သည်လည်း ဆီထည့်သည့်ယာဥ် တစီးတလေမျှပင်မရှိ။ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် မန္တလေး၊ အမရပူရမြို့များကို ရောက်ဖြစ်ခဲ့သော်လည်း တံတားဦးမြို့ကိုမူ မရောက်ခဲ့ပေ။ ယခု ငလျင်အလွန် ၃...

သတင်း

ငလျင်ဘေးဒဏ်သင့်တံတားဦးမြို့နယ်မှာစစ်တပ်က တစ်ရွာကို စစ်မှုထမ်းဖို့ လူ ၅ ဦး တောင်းလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၆ ဦး နှုတ်ထွက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။