Connect with us

Hi, what are you looking for?

သတင်း

ကူးတို့သင်္ဘောပေါ် ဗုံးဖောက်ခွဲသည့်လုပ်ရပ်အား ဒလ PDFနှင့် တော်လှန်ရေးအင်အားစုများ ပြင်းထန်စွာရှုတ်ချ

ပြည်သူများ ထိခိုက်ဒဏ်ရာရစေသည့် ယင်းလုပ်ရပ်မှာ စစ်ကောင်စီနှင့် ပျူစောထီးများသာ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ဒလမြို့ခံတစ်ဦးက ပြောကြားသည်။

▪️စစ်ကောင်စီဘက်က ပြည်သူကို ထိခိုက်စေရန်လုပ်ဆောင်မှုများရှိနေဟုအသိပေး

ရန်ကုန်မြို့ ပန်းဆိုးတန်းမှ ဒလမြို့သို့ ကူးနေသည့် ချယ်ရီကူးတို့သင်္ဘောပေါ်၌ ယနေ့ည ၇နာရီခန့်က ဖြစ်ခဲ့သည့် ဗုံးဖောက်ခွဲမှုအား လုပ်ဆောင်ခဲ့သည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ပြင်းထန်စွာရှုတ်ချကြောင်း ဒလမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် မဟာမိတ်အင်အားစုများက ပူးတွဲထုတ်ပြန်သည်။

ယနေ့ ဖြစ်ပွားခဲ့သည့် ကူးတို့သင်္ဘောပေါ်ပေါက်ကွဲမှု ကြောင့် ပြည်သူအချို့ ထိခိုက်မှုရှိခဲ့ရာ လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း၊ ယင်းလုပ်ရပ်အား ကျူးလွန်သူများ တာဝန်ခံရမည်ဖြစ်ကြောင်း ဖော်ပြသည်။

ကူးတို့သင်္ဘောပေါ် ဗုံးဖောက်ခွဲသည့်လုပ်ရပ်အား ဒလ PDFနှင့် တော်လှန်ရေးအင်အားစုများ ပြင်းထန်စွာရှုတ်ချ
ကူးတို့သင်္ဘောပေါ် ဗုံးဖောက်ခွဲသည့်လုပ်ရပ်အား ဒလ PDFနှင့် တော်လှန်ရေးအင်အားစုများ ပြင်းထန်စွာရှုတ်ချ

ဒလ PDF နှင့် တော်လှန်ရေးအင်အားစုများ အနေဖြင့် ပြည်သူ့ဘက်တော်သားများပီပီ ယခုကဲ့သို့ ပြည်သူ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို လုံး၀ ပြုလုပ်မည်မဟုတ်ကြောင်း အသိပေးခဲ့ပြီး ယင်းကဲ့သို့ ဖြစ်ရပ်များ ဆက်လက်ဖြစ်ပါက မသက်ဆိုင်ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။

လတ်တလော အခြေအနေများအရ စစ်ကောင်စီနှင့် ဒလန်များက တော်လှန်ရေးအင်အားစုများအယောင်ဆောင်၍ ပြည်သူများကို ဖုန်းဖြင့် ခြိမ်းခြောက်ခြင်း၊ ကာယကံမြောက် ငွေညစ်ခြင်း၊ ပြည်သူများ ထိခိုက်နိုင်သည့် နေရာများ၌ ဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်လာသည်ကို တွေ့ရသည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဒလ PDFအနေဖြင့် တော်လှန်ရေး မဟာမိတ် အင်အားစုများ Local PDFများအပြင် မြို့နယ် ဌာနဆိုင်ရာများမှ ဖရဲသီးအချို့တို့ ပူးပေါင်းပြီး စစ်ကောင်စီနှင့် ထောက်တိုင်များကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တော်လှန်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း မြို့တွင်း အခြေအနေများကြောင့် မြို့သူ၊မြို့သားများ၏ အန္တရာယ်ကင်းရေးအပြင် စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးကို ရှေးရှုကာထုတ်ဖော်မှုများ မလုပ်ခဲ့ကြောင်း ဒလ PDFက ထုတ်ပြန်သည်။

ယနေ့ ဖြစ်ခဲ့သည့် ပန်းဆိုးတန်း – ဒလ ကူးတို့သင်္ဘောပေါ် ပေါက်ကွဲမှု ကြောင့် ပြည်သူ ၁၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ပြည်သူများ ထိခိုက်ဒဏ်ရာရစေသည့် ယင်းလုပ်ရပ်မှာ စစ်ကောင်စီနှင့် ပျူစောထီးများသာ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ဒလမြို့ခံတစ်ဦးက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook