Connect with us

Hi, what are you looking for?

News

မြန်မာနိုင်ငံမှာ လုံခြုံရေးအခြေအနေပိုမိုဆိုးရွားနိုင်တာကြောင့် ခရီးသွားလာခြင်းမပြုဖို့ အမေရိကန်နဲ့ ဗြိတိန်ထုတ်ပြန်

သံရုံးဟာ သေချာတဲ့ခြိမ်းခြောက်မှုတွေ၊ မကြာသေးခင်က ပေါက်ကွဲမှုတွေနဲ့ ရန်ကုန်က တိုက်ခိုက်မှုတွေ၊ ဒီဖြစ်ရပ်တွေကို စစ်တပ်ရဲ့ တုံ့ပြန်မှုတွေကို မသိရဘဲ ဒါတွေဟာ အမေရိကန်နိုင်ငံသား တွေအတွက် ပြင်းထန်တဲ့ခြိမ်းခြောက်မှုဖြစ်ပြီး အကြိမ်အရေအတွက်နဲ့ ပြင်းထန်မှုလည်း တိုးပွား လာနိုင်တယ်လို့ ဆိုပါတယ်။

People's Spring
People's Spring

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ကြေညာခြင်းအပါအဝင် မကြာသေးခင်ဖြစ်ရပ်တွေကြောင့် ရန်ကုန်နဲ့ အစွန်းအဖျားဒေသတွေမှာ တင်းမာမှုမြင့်တက်နိုင်တယ်လို့ အမေရိကန်သံရုံးက သူ့နိုင်ငံသားတွေကို အသိပေးထားပါတယ်။

အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံကို မလာရောက်ဖို့ ဒါမှမဟုတ် အမြန်ဆုံးထွက်ခွာဖို့ လမ်းညွှန်ချက် အဆင့် ၄ (Level 4) ထုတ်ပြန်ခြင်းဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြင့်ဆုံးခရီးသွား လာရေးကန့်သတ်ချက်ဖြစ်ပြီး အရေးပေါ်အခြေအနေနဲ့ကြုံတွေ့ပါက သံရုံးအနေနဲ့ အကူအညီပေးဖို့ အကန့်အသတ်ရှိတယ်လို့လည်း ဆိုပါတယ်။

သံရုံးဟာ သေချာတဲ့ခြိမ်းခြောက်မှုတွေ၊ မကြာသေးခင်က ပေါက်ကွဲမှုတွေနဲ့ ရန်ကုန်က တိုက်ခိုက်မှုတွေ၊ ဒီဖြစ်ရပ်တွေကို စစ်တပ်ရဲ့ တုံ့ပြန်မှုတွေကို မသိရဘဲ ဒါတွေဟာ အမေရိကန်နိုင်ငံသား တွေအတွက် ပြင်းထန်တဲ့ခြိမ်းခြောက်မှုဖြစ်ပြီး အကြိမ်အရေအတွက်နဲ့ ပြင်းထန်မှုလည်း တိုးပွား လာနိုင်တယ်လို့ ဆိုပါတယ်။

လမ်းပိတ်ဆို့မှုတွေနဲ့ စစ်တပ်စစ်ဆင်ရေးတွေဟာ ရန်ကုန်နဲ့ နိုင်ငံတစ်ဝန်း ပိုမိုကျယ်ပြန့်လာနိုင်ပြီး အမေရိကန်နိုင်ငံသားတွေအနေနဲ့ လူအများအပြားစုဝေးခြင်းကို ရှောင်ကြဉ်ဖို့၊ အပြင်ထွက် သွားလာလှုပ်ရှားမှုကို ကန့်သတ်ဖို့ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက အကြံပြုထားပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ဗြိတိန်ကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သူ့နိုင်ငံသားတွေကို အကြံပြုချက်ထုတ် ပြန်ထားပြီး မဖြစ်မနေသွားလာခြင်းကလွဲလို့ မြန်မာနိုင်ငံကို လာရောက်ခြင်းမပြုကြဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေဟာ ခန့်မှန်းလို့မရဘဲ ဆန္ဒပြမှုတွေ၊ အကြမ်းဖက်လုပ်ရပ် တွေနဲ့ ပေါက်ကွဲစေတဲ့ပစ္စည်းတွေ အသုံးပြုမှုအပါအဝင် ပိုမိုဆိုးရွားတဲ့လုံခြုံရေးအခြေအနေ ဆက်လက်ဖြစ်နိုင်တယ်လို့ ဗြိတိန်က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံ၊ ဝေးလ်စ်ပြည်နယ်က ဆေးရုံတစ်ခု ခေါင်မိုးပေါ်မှာ သေမင်းပုံစံ ဝတ်ဆင်ပြီး လူတွေ အထိတ်တလန့်ဖြစ်အောင် လုပ်ခဲ့တဲ့ လူငယ်ဟာ ဒဏ်ငွေတပ်ရိုက်တာ ခံလိုက်ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။