Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်အခြေစိုက် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်လို့ ကလေးငယ်တစ်ဦး သေဆုံး

စစ်ကောင်စီတပ်သည် ဖာပွန်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိ၍ ပြည်သူလူထုများသေဆုံးထိခိုက်မှု မကြာခဏ ဖြစ်ပေါ်နေရသည်။

ဒွယ်လိုးမြို့နယ်အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်၍ လူနေအိမ်များ ပျက်စီးနေစဉ်၊ဓာတ်ပုံ - KPSN
ဒွယ်လိုးမြို့နယ်အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်၍ လူနေအိမ်များ ပျက်စီးနေစဉ်၊ဓာတ်ပုံ - KPSN

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် ဖာပွန်မြို့ အခြေစိုက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးရပြီး မိန်းကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)က ယမန်နေ့တွင် ထုတ်ပြန် သည်။

ဒီဇင်ဘာ ၂၁ ရက်က ဖာပွန်အခြေစိုက် ခမရ (၃၄၀)နှင့် ၄၃၄ တပ်မှ ဒွယ်လိုးမြို့နယ်အတွင်း လက်နက်ကြီးဖြင့် အချက် ၂၀ခန့် ပစ်ခတ်ခဲ့ရာ မထောကျေးရွာအုပ်စု ပွယ်ပါရွာအတွင်း ကျည်ကျရောက်ပေါက်ကွဲပြီး အသက်(၁၂)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးကာ ၎င်း၏ အစ်မဖြစ်သူ အသက်(၁၆)နှစ်အရွယ် မိန်းကလေးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ယင်းနေ့ ညပိုင်းတွင်လည်း ဖာပွန်အခြေစိုက် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် လူသောမြို့နယ်ရှိ ဒေသခံများ၏ လယ်ယာလုပ်ငန်းခွင်များသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟုဆိုသည်။ အဆိုပါ တိုက်ခိုက်မှုတွင် ဒေသခံများ ထိခိုက်မှုမရှိဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ဖာပွန်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိ၍ ပြည်သူလူထုများသေဆုံးထိခိုက်မှု မကြာခဏ ဖြစ်ပေါ်နေရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။