Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့အဝင် ဘန်ကာဆောက်နေသော စစ်ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်

မုံရွာ – မန္တလေးလမ်းမကြီးပေါ် မုံရွာနှင့်ချောင်းဦးကြားလမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များအား ဒေသတွင်းPDFများက ခပ်စိတ်စိတ်တိုက်ခိုက်နေသည်။

PDFများ လုံခြုံရေးယူပြီး မုံရွာမြို့အဝင်၌ ချီတက်ဆန္ဒပြနေသည်ကို မေလ၂၈ရက်က တွေ့ရစဉ်၊ ဓာတ်ပုံ - အရာတော်မြို့နယ် လူထုသပိတ်
PDFများ လုံခြုံရေးယူပြီး မုံရွာမြို့အဝင်၌ ချီတက်ဆန္ဒပြနေသည်ကို မေလ၂၈ရက်က တွေ့ရစဉ်၊ ဓာတ်ပုံ - အရာတော်မြို့နယ် လူထုသပိတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်၌ ဘန်ကာဆောက်နေသည့် စစ်ကောင်စီတပ်အား လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၂၄ ရက်)က မုံရွာ-မန္တလေးလမ်းမပေါ် စွမ်းရည်ထက်ဆီဆိုင်အနီးတွင် ဘန်ကာဆောက် လုပ် အခြေချစခန်းပြုလုပ်ရန် ရောက်ရှိလာသော စစ်ကောင်စီတပ်အား လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း Chindwin Attack Forceက အသိပေးသည်။

စစ်ဆင်ရေးတွင် မုံရွာခရိုင် တပ်ရင်း(၂)၊ တပ်ခွဲ(၂)မှ Monywa Special ဒိတ်ဒိတ်ကြဲအဖွဲ့၏ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ် ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၄)အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys )၊ တပ်ရင်း (၂)တပ်ခွဲ – ၂ Monywa Special ဒိတ်ဒိတ်ကြဲ PDF၊တပ်ရင်း – ၄ တပ်ခွဲ – ၄ 5 / Teachers People Defense Force PDF၊ Area 71 Defense Force (Monywa) ၊ Special Forces 11 – PDF Brave Heart Army၊ ဗန္ဓုလ အဖွဲ့၊ မုံရွာခရိုင်တပ်ရင်း (၇)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Chindwin Attack Forceထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

မုံရွာ – မန္တလေးလမ်းမကြီးပေါ် မုံရွာနှင့်ချောင်းဦးကြားလမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များအား ဒေသတွင်းPDFများက ခပ်စိတ်စိတ်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။