Connect with us

Hi, what are you looking for?

သတင်း

လာမည့် နှစ်သစ်၌ တော်လှန်ရေး အရှိန်မြှင့်မည်ဟု NUG အသိပေး

တော်လှန်ရေး အရှိန်မြှင့်မည့် အခြေအနေတွင် စစ်ကောင်စီတပ်ဘက်ကလည်း လှည့်ကွက်များအသုံးပြု တုန့်ပြန်လာနိုင်မှု အခြေအနေကိုလည်းဦးနေဘုန်းလတ်ကသတိပေးသည်။

(​ကော်ဘရာစစ်​ကြောင်း စစ်သင်တန်းဆင်းပွဲမှ တပ်ဖွဲ့ဝင်တစ်ဦးကို သစ္စာ​ရေတိုက်​နေ​သောNUG ဝန်ကြီးချုပ် မန်းဝင်ခိုင်သန်း ။ ။ဓါတ်ပုံ-NUG)
(​ကော်ဘရာစစ်​ကြောင်း စစ်သင်တန်းဆင်းပွဲမှ တပ်ဖွဲ့ဝင်တစ်ဦးကို သစ္စာ​ရေတိုက်​နေ​သောNUG ဝန်ကြီးချုပ် မန်းဝင်ခိုင်သန်း ။ ။ဓါတ်ပုံ-NUG)

▪︎သမ္မတ၊ဝန်ကြီးချုပ် နှင့်ဝန်ကြီးအချို့မြေပြင်၌ ရှိနေပြီး PDFများနှင့်တွေ့ဆုံခြင်း၊အားပေးခြင်းတို့ ပုံမှန်လုပ်နေ

▪︎နှစ်သစ်၌ စစ်ကောင်စီ၏ နိုင်ငံရေးလှည့်ကွက်သုံးမှုကြုံရနိုင်၍ ပြည်သူနှင့် တော်လှန်ရေးအင်အားစုများ တွေဝေခြင်းမရှိကြရန် တိုက်တွန်း

စစ်အာဏာရှင်ဖြုတ်ချရေးအတွက် လာမည့်နှစ်သစ်တွင် တော်လှန်ရေးအရှိန်မြှင့်ရန်ရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၌ ယမန်နေ့ ဒီဇင်ဘာ ၂၅ရက်တွင် ကျင်းပခဲ့သည့် ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲသို့ တက်ရောက်ကာ တောင်ပိုင်းစစ်ဒေသသို့ ပေးအပ်မည့် လက်နက် အလက် ၅၀ကို ကော်ဘရာဒုစစ်ကြောင်းမှူးထံ ပေးအပ်ခဲ့သည်။

အဆိုပါဆောင်ရွက်ချက်နှင့်ပတ်သက်ပြီးဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူအား မေးမြန်းရာ တောင်ပိုင်းစစ်ဒေသသို့ လက်နက်များပေးအပ်ခြင်းသည်လည်းအစိုးရ၏တစ်နှစ်စီမံချက် ( စစ်အာဏာရှင် ဖြုတ်ချရေး ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်မည့်တစ်နှစ်တာစီမံချက်) ၏အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းဖြေကြားသည်။ အစိုးရအနေဖြင့်ကာကွယ်ရေးဝန်ကြီးဌာန အောက်ရှိ PDF များကို တက်နိုင်သမျှ လက်နက်တပ်ဆင်ပေးရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“လာမယ့်နှစ်သစ်မှာ NUG အနေနဲ့တိုင်းရင်းသားမဟာမိတ်တွေနဲ့ရောအခြားတော်လှန်ရေးအင်အားစုတွေနဲ့ရော ပူးပေါင်းပြီးတော့ တော်လှန်ရေးကို အရှိန်မြှင့်ဖို့ရှိမယ်ပေါ့နော်။ အခုဆိုရင်နိုင်ငံခြားရေးကဏ္ဍမှာဆိုရင်လည်းအများကြီး တိုးတက်ပြောင်းလဲမှုတွေရှိလာသလိုလာမယ့်နှစ်သစ်မှာ အခြားစစ်ရေးအရရော ဘဏ္ဍာရေးအရရောလှုပ်ရှားမှုတွေခပ်စိပ်စိပ်တွေ့လာရဖို့ရှိပါတယ်” ဟု ဦးနေဘုန်းလတ်ကပြောကြားသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရခေါင်းဆောင်များသည် မြေပြင်၌ရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပုံမှန်တွေ့ဆုံလျက်ရှိသည်ဟုဆိုသည်။

“အမျိုးသားညီညွတ်ရေအစိုးရရဲ့သမ္မတကြီးရော၊ဝန်ကြီးချုပ်ရော အခြား ပြည်ထောင်စုဝန်ကြီးအချို့ဆိုရင်လည်း မြေပြင်မှာ ရှိနေပြီးတော့ ဒီလိုမျိုး အလျဉ်းသင့်သလို PDFတွေနဲ့ သွားရောက်တွေ့ဆုံတာတွေ၊ အားပေးစကားပြောတာမျိုးတွေ ဒါမျိုးတွေ ပုံမှန်လုပ်နေပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

တည်နေရာများအား သိရှိမည်စိုး၍ တွေ့ဆုံမှုတိုင်းအား သတင်းထုတ်ပြန်လို့မရ၍ သွားရောက်တွေ့ဆုံမှုတိုင်းအား သတင်းမထုတ်ပြန်ခဲ့ဟုလည်းဆက်​ပြောသည်။

တော်လှန်ရေး အရှိန်မြှင့်မည့် အခြေအနေတွင် စစ်ကောင်စီတပ်ဘက်ကလည်း လှည့်ကွက်များအသုံးပြု တုန့်ပြန်လာနိုင်မှု အခြေအနေကိုလည်းဦးနေဘုန်းလတ်ကသတိပေးသည်။

“အဓိကတစ်ခုပြောချင်တာကလာမယ့်နှစ်သစ်ကျရင်အကြမ်းဖက် စစ်အုပ်စုဘက်ကလည်းတစုံတရာနိုင်ငံရေး လှည့်ကွက်သုံးတာမျိုးတွေ ကြုံရနိုင်ပါတယ်။ အဲဒီတော့ဒီလိုမျိုးလုပ်လာတဲ့အခါပြည်သူတွေအနေနဲ့တော်လှန်ရေးအင်အားစုတွေအနေနဲ့ရော တွေဝေသွားတာမျိုး တုံ့ဆိုင်းသွားတာမျိုး ဝေဝါးသွားတာမျိုးမရှိဘဲနဲ့ ပန်းတိုင်ကိုအရောက် စိတ်ပြတ်ပြတ်သားသားနဲ့ ဆက်လက် ချီတက်ကြဖို့လိုပါမယ်ဗျ” ဟု ဦးနေဘုန်းလတ်ကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်စစ်အာဏာရှင်ဖြုတ်ချရေး အဆုံးအဖြတ်တိုက်ပွဲကာလကိုတစ်နှစ်သတ်မှတ်ထားပြီး စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးအပါအဝင် ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်သွားမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်အောက်တိုဘာ ၇ရက်တွင်ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။