Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်အတွင်း သောင်တင်နေသည့် စစ်ကောင်စီသင်္ဘောလေးစီးအား မဟာမိတ်အဖွဲ့များပူးပေါင်းတိုက်ခိုက်

လက်လုပ်များဖြင့် တိုက်ခိုက်နေရခြင်းဖြစ်ပြီး အဖူးတစ်ဖူးမှာ စစ်ကောင်စီတပ်များကိုကျော်ပြီး ရွာတစ်ရွာထဲသို့ ကျရောက်ခဲ့ကြောင်း၊ ပျက်စီးထိခိုက်မှုမရှိသော်လည်း ထိုကျေးရွာရှိပြည်သူများအား တောင်းပန်ကြောင်း ၎င်းက ပြောသည်။

ကနီမြို့နယ်ရှိ ချင်းတွင်းမြစါအတွင်း စစ်ကောင်စီ စစ်ရေယာဉ်များကို အောက်တိုဘာ ၃ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ -ချင်းတွင်းချစ်သူ)
ကနီမြို့နယ်ရှိ ချင်းတွင်းမြစါအတွင်း စစ်ကောင်စီ စစ်ရေယာဉ်များကို အောက်တိုဘာ ၃ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ -ချင်းတွင်းချစ်သူ)

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်း သောင်တင် နေသည့် စစ်ကောင်စီသင်္ဘော လေးစီးအား မဟာမိတ်အဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အထိအခို​က်များနိုင်ကြောင်း မုံရွာခရိုင်ပြည်သူကာ ကွယ်ရေးတပ်မတော် (Chindwin Attack Force)က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ၂၄ ရက် နံနက် ၁၀နာရီခွဲနှင့် ယမန်နေ့ (ဒီဇင်ဘာ၂၅ ရက်) နံနက် ၁၀နာရီခန့်က နတ်ကြီးရွာသောင်ပြင်ပေါ်တွင် သောင်တင်နေသော စစ်ကောင်စီ ၏ သင်္ဘောလေးစီးပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ထိုသင်္ဘောများမှာ ဟုမ္မလင်းဘက်သို့သွားရန် ဆတ်တက်လာကြခြင်းဖြစ်​ကြောင်းမုံရွာခရိုင်ပြည်သူကာ ကွယ်ရေးတပ်မတော် (Chindwin Attack Force)မှ တာဝန်ရှိသူက​ပြောသည်။

ဝါးတန်းရွာရှိ ပကဖနှင့် ပအဖအကူအညီဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီဘက်က အထိအခို​က်များနိုင်ပြီး တပ်ပေါင်းစုဘက်က အထိအခိုက်မရှိကြောင်း Chindwin Attack Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လက်လုပ်များဖြင့် တိုက်ခိုက်နေရခြင်းဖြစ်ပြီး အဖူးတစ်ဖူးမှာ စစ်ကောင်စီတပ်များကိုကျော်ပြီး ရွာတစ်ရွာထဲသို့ ကျရောက်ခဲ့ကြောင်း၊ ပျက်စီးထိခိုက်မှုမရှိသော်လည်း ထိုကျေးရွာရှိပြည်သူများအား တောင်းပန်ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၄ တပ်ခွဲ – ၃ Monywa Nightking PDF ၊ Knai Ice နှင့် ဒေသခံအဖွဲ့အစည်းများပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဒီဇင်ဘာ ၂၄ ရက်ကပင် ချင်းတွင်းမြစ်ကြောင်းအတွင်း မုံရွာမှ ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းသို့စစ်ကူလာသည့် စစ်ကောင်စီရေယာဥ်များအား ဒေသတွင်း PDFများက တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။