Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်ဆန်တက်လာသည့် ရိက္ခာတင်သင်္ဘောများနှင့် ကုန်ကြောင်းနယ်မြေရှင်းလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်အုပ်စုအထိနာဟု KLG တပ်မဟာပြော

တိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်အချို့ရှိပြီးစစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေဆဲဟု ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

(ယင်းမာပင်-ကနီမြို့နယ်အစပ် ကျောက်မှော် ကျေးရွာအနီး စစ်ကောင်စီရိက္ခာတင်သင်္ဘောများ အားတွေ့ရစဥ်၊ ဓာတ်ပုံ - KLG)
(ယင်းမာပင်-ကနီမြို့နယ်အစပ် ကျောက်မှော် ကျေးရွာအနီး စစ်ကောင်စီရိက္ခာတင်သင်္ဘောများ အားတွေ့ရစဥ်၊ ဓာတ်ပုံ - KLG)

ချင်းတွင်းမြစ်အတွင်းဆန်တက်လာသည့် ရိက္ခာတင် သင်္ဘောများနှင့် ကုန်ကြောင်းနယ်မြေရှင်းလင်းရေးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ဦးထက်မနည်း သေဆုံးကြောင်း ကနီမြို့နယ်အခြေစိုက် KLG တပ်မဟာ တာဝန်ရှိသူက ပြောသည်။

ဟုမ္မလင်းမြို့သို့ ပို့ဆောင်မည့် လေယာဥ်ဆီနှင့် လက်နက်ခဲယမ်းများပါရှိသော စစ်ကောင်စီ သင်္ဘောများကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အင်အား ၁၀၀ကျော်ဖြင့် စစ်ကောင်စီက ကနီမြို့နယ် မုဌောရွာအနီးတစ်ဝိုက် နယ်မြေရှင်းလင်းရန် ဒီဇင်ဘာ ၂၁ ရက်ကစတင် စစ်ကြောင်းထိုးလာခြင်းဟု ဆိုသည်။

“ကျွန်တော်တို့ နယ်မြေခံမဟာမိတ်တပ်တွေအား လုံးစုပေါင်းပြီး ကြားဖြတ်တိုက်နိုင်ခဲ့တာ။မုဌောရွာရဲ့ အနောက်တောင်ဘက်ကိုအခြေပြုပြီး တိုက်ပွဲ ပြင်းထန်ခဲ့တယ်။သူတို့ဘက်က သေတဲ့လူများလို့ မနက် ၁၁ နာရီ မိနစ် ၂၀လောက်မှာ တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ ၁နာရီလောက်ကြာတယ်လာပစ်တာ” ဟု အထက်ပါတာဝန်ရှိသူက လူထုနွေဦးသို့ ရှင်းပြသည်။

ယမန်နေ့ နံနက် ၁၀ နာရီက စတင်ခဲ့သော တိုက်ပွဲမှာ ညနေ ၃ နာရီကျော်မှ ပြီးဆုံးခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ၃၀ မှ ၅၀ကြား သေဆုံးမည်ဟု ၎င်းက မှတ်ချက်ပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်အချို့ရှိပြီးစစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေဆဲဟု ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

သို့သော် ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

“မနေ့က သူတို့အထိနာနေလို့ အခုထိ(ဒီဇင်ဘာ ၂၂ ရက်နံနက်ပိုင်း) မုဌောရွာနားမှာပဲ ကမ်းကပ် ထားရသေးတယ်။ဆက်မတက်နိုင်သေးဘူး။ ကျွန်တော်တို့လည်း ရှေ့ပွိုင့်မှာ”ဟု ၎င်းက ပြောသည်။

ချစ်တွင်းမြစ်ကြောင်းမှ ဆန်တက်လာသော စစ်ကောင်စီ၏ ထောက်ပို့သင်္ဘော ခုနစ်စီးသည် ကနီမြို့နယ်အတွင်းသို့ ယခုလတတိယပတ်ကစ၍ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

မြစ်ဘေးနှစ်ဖက် ကုန်းကြောင်းမှလည်း စစ် ကြောင်းထိုးခဲ့ပြီး ကျောက်မှော်ရွာနှင့် ကျွန်ပေါ်ရွာရှိပြည်သူ့နေအိမ်များ မီးရှို့ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ်ရဲ့ ၂၈ စီးပါ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ "မိချောင်းစစ်ဆင်ရေး" မှတ်တမ်းထုတ်ပြန်လိုက်ပြီး စစ်သင်္ဘော ၁စီး နစ်မြုပ်ကာ ၅စီးပျက်စီးကြောင်း ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook