Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတွင်းမြစ်အတွင်း သောင်တင်နေသည့် စစ်ကောင်စီသင်္ဘောလေးစီးအား မဟာမိတ်အဖွဲ့များပူးပေါင်းတိုက်ခိုက်

လက်လုပ်များဖြင့် တိုက်ခိုက်နေရခြင်းဖြစ်ပြီး အဖူးတစ်ဖူးမှာ စစ်ကောင်စီတပ်များကိုကျော်ပြီး ရွာတစ်ရွာထဲသို့ ကျရောက်ခဲ့ကြောင်း၊ ပျက်စီးထိခိုက်မှုမရှိသော်လည်း ထိုကျေးရွာရှိပြည်သူများအား တောင်းပန်ကြောင်း ၎င်းက ပြောသည်။

ကနီမြို့နယ်ရှိ ချင်းတွင်းမြစါအတွင်း စစ်ကောင်စီ စစ်ရေယာဉ်များကို အောက်တိုဘာ ၃ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ -ချင်းတွင်းချစ်သူ)
ကနီမြို့နယ်ရှိ ချင်းတွင်းမြစါအတွင်း စစ်ကောင်စီ စစ်ရေယာဉ်များကို အောက်တိုဘာ ၃ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ -ချင်းတွင်းချစ်သူ)

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်း သောင်တင် နေသည့် စစ်ကောင်စီသင်္ဘော လေးစီးအား မဟာမိတ်အဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အထိအခို​က်များနိုင်ကြောင်း မုံရွာခရိုင်ပြည်သူကာ ကွယ်ရေးတပ်မတော် (Chindwin Attack Force)က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ၂၄ ရက် နံနက် ၁၀နာရီခွဲနှင့် ယမန်နေ့ (ဒီဇင်ဘာ၂၅ ရက်) နံနက် ၁၀နာရီခန့်က နတ်ကြီးရွာသောင်ပြင်ပေါ်တွင် သောင်တင်နေသော စစ်ကောင်စီ ၏ သင်္ဘောလေးစီးပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ထိုသင်္ဘောများမှာ ဟုမ္မလင်းဘက်သို့သွားရန် ဆတ်တက်လာကြခြင်းဖြစ်​ကြောင်းမုံရွာခရိုင်ပြည်သူကာ ကွယ်ရေးတပ်မတော် (Chindwin Attack Force)မှ တာဝန်ရှိသူက​ပြောသည်။

ဝါးတန်းရွာရှိ ပကဖနှင့် ပအဖအကူအညီဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီဘက်က အထိအခို​က်များနိုင်ပြီး တပ်ပေါင်းစုဘက်က အထိအခိုက်မရှိကြောင်း Chindwin Attack Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လက်လုပ်များဖြင့် တိုက်ခိုက်နေရခြင်းဖြစ်ပြီး အဖူးတစ်ဖူးမှာ စစ်ကောင်စီတပ်များကိုကျော်ပြီး ရွာတစ်ရွာထဲသို့ ကျရောက်ခဲ့ကြောင်း၊ ပျက်စီးထိခိုက်မှုမရှိသော်လည်း ထိုကျေးရွာရှိပြည်သူများအား တောင်းပန်ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၄ တပ်ခွဲ – ၃ Monywa Nightking PDF ၊ Knai Ice နှင့် ဒေသခံအဖွဲ့အစည်းများပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဒီဇင်ဘာ ၂၄ ရက်ကပင် ချင်းတွင်းမြစ်ကြောင်းအတွင်း မုံရွာမှ ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းသို့စစ်ကူလာသည့် စစ်ကောင်စီရေယာဥ်များအား ဒေသတွင်း PDFများက တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။