Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့ ခလရ(၅၉၁)မှ စစ်ကားကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဟု ရေးဘီလူးအဖွဲ့ ပြော

ဒီဇင်ဘာ ၂၇ရက် နံနက်က ရေးမြို့နယ် ကျောင်းရွာသို့ ဝင်လာသည့် ရေးမြို့အခြေစိုက် ခလရ (၅၉၁) တပ်ရင်းမှ စစ်ကားကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဓာတ်ပုံနှင့်အတူ ဖော်ပြသည်။

(ရေးဘီလူးအဖွဲ့မှ ရဲဘော်များ တိုက်ခိုက်နေစဉ်)
(ရေးဘီလူးအဖွဲ့မှ ရဲဘော်များ တိုက်ခိုက်နေစဉ်)

မွန်ပြည်နယ် ရေးမြို့ ကျောင်းရွာရှိ စစ်ကောင်စီတပ် ယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း ရေးဘီလူးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၇ရက် နံနက်က ရေးမြို့နယ် ကျောင်းရွာသို့ ဝင်လာသည့် ရေးမြို့အခြေစိုက် ခလရ (၅၉၁) တပ်ရင်းမှ စစ်ကားကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဓာတ်ပုံနှင့်အတူ ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“ဒီနေ့ ကျောင်းရွာ ၅၉၁ တပ်က ရွာထဲဝင်လာတဲ့ စစ်ကားကို ကျွန်တော်တို့ ရေးဘီလူးအဖွဲ့ကနေ ဝိုင်းပစ်တာ ဖြစ်ပါတယ်။ စ…(စစ်ကောင်စီတပ်သား)တွေ ခွေးပြေး၊ ဝက်ပြေးကို ပြေးတယ်။ နောက်တစ်ခုက နှစ်ဦး ကားပေါ်မှာကျသွားတယ်။ ကားမရပ်တော့ ကျွန်တော်တို့ လက်နက်တွေ လုဖို့အချိန်မရလိုက်ဘူး ကားမောင်းပြေးသွားတယ်။”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

မွန်ပြည်နယ်မှာ ယခုထက်ကောင်းမွန်သည့် မစ်ရှင် များကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့် ရဲများ၊ သတင်းပေး ဒလန်များကို တိုက်ခိုက်လျက်ရှိရာ ရဲစခန်းမှူး နှစ်ဦးအပါအဝင် စစ်ကောင်စီလက်ပါးစေများကို ရှင်းလင်းထားနိုင်ကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက်စုစုပေါင်း ၉လက်ထက်မနည်းရရှိထားကြောင်း ယင်းအဖွဲ့ ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။