Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ် မိကသိန်ရွာအနီးတိုက်ပွဲ သေဆုံးသည့်စစ်ကောင်စီတပ်သား အလောင်းများတွေ့၊လက်နက်အချို့ရဟု ဒေသခံပြော

ယနေ့ တိုက်ပွဲငြိမ်သက်နေသော်လည်း ကော့ကရိတ်မြို့နှင့်အနီးဝန်းကျင်၌ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများရှိနေသည်ဟု ဒေသခံက ပြောသည်။

(KNLA၊ PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဥ်၊ဓာတ်ပုံ - News and Information of the Southern Military Region)
(KNLA၊ PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဥ်၊ဓာတ်ပုံ - News and Information of the Southern Military Region)

ဒေသခံအိမ်ထောင်စု တစ်ထောင်ကျော် စစ်ဘေးရှောင်နေရ

တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၌ ယနေ့တိုက်ပွဲ ခေတ္တငြိမ်သက်ခဲ့ကြောင်းနှင့် ယမန်နေ့ တိုက်ပွဲတွင်သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား အလောင်းများတွေ့ရှိရကြောင်း ကော့ကရိတ်ဒေသခံက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ဒီဇင်ဘာ ၁၆ရက်မှစ၍ တိုက်ပွဲများတောက်လျှောက်ဖြစ်ပွားခဲ့ရာ ကော့နွဲ့ရွာ၊ မိကသိန်ရွာများအနီး တိုက်ပွဲများ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

“မိကသိန်ရဲ့အောက်မှာရှိတဲ့ တောစပ်၊ အင်းနားလေးကို သွားရှာတယ်။ အောက်ခြေမှာသေတဲ့အလောင်းတွေတွေ့တယ်။ သူတို့တပ်ဖျောက်တဲ့သဘောလား အတည်ပြုလို့မရသေးဘူး။ တွေ့တာက စကစ အလောင်းတွေချည်းပဲ။ မောင်းမရွာသစ်ရဲ့အပေါ်မှာ မိကသိန်ပေါ့။ မိကသိန်ဘုန်းကြီးကျောင်းရဲ့အောက် အင်းနားမှာပဲ သူတို့ ကျော်ဖို့မိကသိန်ကိုတက်ဖို့အတွက်မှာ သူများ နေရာယူထားတော့ သူတို့ ထိကုန်တယ်လေ။ အဲဒီမှာ လက်နက်သုံးလက်ရတယ်”ဟု တော်လှန်ရေး အင်အားစုများနှင့်နီးစပ်သည့် ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်မှသေဆုံးသည့် ရုပ်အလောင်း အရေအတွက် အတိအကျမသိရသေးဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ကော့ကရိတ်တိုက်ပွဲကြောင့် စစ်ဘေးရှောင်ရသည့် အိမ်ထောင်စု တစ်ထောင်ကျော်ရှိလာပြီး အခက်အခဲ့များကြုံနေရကာ အရေးပေါ်အကူအညီများလိုအပ်လျက်ရှိသည်ဟုဆိုသည်။ ယခင်နေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့၍ အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့ အိမ်မွေးတိရိစ္ဆာန်များသေဆုံးကာ နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟုဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်က ကော့နွဲ့ရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

“စစ်ဘေးရှောင်နေရတာက ကော့နွဲ့တစ်အုပ်စုလုံးကရှောင်နေပြီ။ လူဦးရေက ကျွန်တော်တို့ ကူညီနေတာက ခြောက်ရာနဲ့ ကိုးရာကြားပဲ ကူညီနေတာ ကျန်တဲ့သူတွေက ဘယ်မှာထွက်ပြေးနေမှန်းလည်း မသိဘူး။ကျေးရွာလူကြီးနဲ့လည်း ချိတ်ဆက်လို့မရဘူး။သူတို့က သူတို့ နီးစပ်ရာဆွေမျိုးတွေကနေ တချို့သွားရင်သွားမယ် တချို့ကတောတောင်တွေတက်ပြီး လုံခြုံတဲ့နေရာ သွားကြတဲ့ သူတွေရှိတယ်။ လူဦးရေကထောင်ဂဏန်းတော့ရှိတယ်။ အိမ်ခြေကတော့ တစ်ထောင်ကျော်ရှိတယ်”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

ယနေ့ တိုက်ပွဲငြိမ်သက်နေသော်လည်း ကော့ကရိတ်မြို့နှင့်အနီးဝန်းကျင်၌ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများရှိနေသည်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။