Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တရုတ်တွင်ကိုဗစ်ကူးစက်မှု မြင့်မားလာ၍မြန်မာပြည်သူများသတိထားရန်NUGကျန်းမာရေးဝန်ကြီးဌာနအသိ​ပေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်​နေသည်။

တရုတ်တွင်ကိုးဗစ်ကူးစက်မှု မြင့်မားလာ၍မြန်မာပြည်သူများသတိထားရန်NUGကျန်းမာရေးဝန်ကြီးဌာနအသိ​ပေး
တရုတ်တွင်ကိုးဗစ်ကူးစက်မှု မြင့်မားလာ၍မြန်မာပြည်သူများသတိထားရန်NUGကျန်းမာရေးဝန်ကြီးဌာနအသိ​ပေး

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံတွင် COVID-19 ကူးစက်မှု မြင့်မားလာသဖြင့် ပြည်သူများသတိထားရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနကအသိပေး နှိုးဆော်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်​နေသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အာရှဒေသနိုင်ငံများအနက် တရုတ်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ လူနာသစ်တွေ့ရှိမှု၊ ဆေးရုံတက်နှုန်းနှင့် အထူကြပ်မတ်ကုသဆောင်သို့ တက်ရောက်နှုန်း အလွန်မြင့်မားနေကြောင်း ဖော်ပြသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပထမအကြိမ်ဖြစ်ပွားသော အကြီးမားဆုံးCOVIDလှိုင်း (First national COVID-19 wave) အဖြစ်မီဒီယာများတွင်ရေးသားဖော်ပြကြပါသည်။ ပညာရှင်များကလည်း လာမည့် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးသူဦးရေ သန်းချီ၍ ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားပါသည်”ဟု NUG အစိုးရ၊ ကျန်း မာရေးဝန်ကြီးဌာနက ထောက်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း အများဆုံးထိစပ်လျက်ရှိသည့် မြန်မာနိုင်ငံတွင်လည်း COVID-19 ကူးစက် ဖြစ်ပွားနှုန်း ပိုမိုမြင့်မားလာနိုင်၍ ပြည်သူများအနေဖြင့် အထူးသတိထားရန် လိုအပ်သည်ဟု သတိပေးသည်။

အလားတူ ပြည်သူလူထုအနေဖြင့် COVID-19 ကာ ကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမည့် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ရှားခြင်း၊ (၆) ပေအကွာတွင် ခပ်ခွာခွာနေခြင်း၊ ချောင်းဆိုး၊ နှာချေတိုင်း ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာ ဖုံးအုပ်ခြင်း၊ လူနာနှင့် လူအများ မကြာခဏ ထိတွေ့ကိုင် တွယ်လေ့ရှိသော အရာဝတ္ထုမျက်နှာပြင်များနှင့် နေရာများကို ပိုးသတ်သန့်စင်ခြင်း အစရှိသည်တို့ကို ဆက် လက်လိုက်နာဆောင်ရွက်ကြရန် အထူးအရေးကြီးကြောင်းထုတ်ပြန်ထားသည်။

“တရုတ်မှာCovid-19 ကူးစက်မှုပြန်များလာတာကတရုတ်ကိုဗစ်ကာကွယ်​ဆေး​တွေက သိပ်မထိ​ရောက်လို့ဖြစ်နိုင်တယ်”ဟု တရုတ်နိုင်ငံသားတစ်ဦးက People’s Spring သို့​ပြောသည်။ ၎င်း၏ ​ပြောကြားချက် မှန်ကန်ပါက မြန်မာနိုင်ငံတွင်လည်း တရုတ်ကိုဗစ်ကာကွယ်​ဆေးများကိုပင် ပြည်သူအများစုကထိုးနှံခွင့်ရကြ၍ ကိုးဗစ်တစ်​ကျော့ပြန်ကူးစက်မှုကိုသတိထားရန်လို​ကြောင်း ပြည်သူတစ်ဦးက​ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။