Connect with us

Hi, what are you looking for?

သတင်း

တရုတ်တွင်ကိုဗစ်ကူးစက်မှု မြင့်မားလာ၍မြန်မာပြည်သူများသတိထားရန်NUGကျန်းမာရေးဝန်ကြီးဌာနအသိ​ပေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်​နေသည်။

တရုတ်တွင်ကိုးဗစ်ကူးစက်မှု မြင့်မားလာ၍မြန်မာပြည်သူများသတိထားရန်NUGကျန်းမာရေးဝန်ကြီးဌာနအသိ​ပေး
တရုတ်တွင်ကိုးဗစ်ကူးစက်မှု မြင့်မားလာ၍မြန်မာပြည်သူများသတိထားရန်NUGကျန်းမာရေးဝန်ကြီးဌာနအသိ​ပေး

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံတွင် COVID-19 ကူးစက်မှု မြင့်မားလာသဖြင့် ပြည်သူများသတိထားရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနကအသိပေး နှိုးဆော်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်​နေသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အာရှဒေသနိုင်ငံများအနက် တရုတ်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ လူနာသစ်တွေ့ရှိမှု၊ ဆေးရုံတက်နှုန်းနှင့် အထူကြပ်မတ်ကုသဆောင်သို့ တက်ရောက်နှုန်း အလွန်မြင့်မားနေကြောင်း ဖော်ပြသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပထမအကြိမ်ဖြစ်ပွားသော အကြီးမားဆုံးCOVIDလှိုင်း (First national COVID-19 wave) အဖြစ်မီဒီယာများတွင်ရေးသားဖော်ပြကြပါသည်။ ပညာရှင်များကလည်း လာမည့် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးသူဦးရေ သန်းချီ၍ ဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားပါသည်”ဟု NUG အစိုးရ၊ ကျန်း မာရေးဝန်ကြီးဌာနက ထောက်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း အများဆုံးထိစပ်လျက်ရှိသည့် မြန်မာနိုင်ငံတွင်လည်း COVID-19 ကူးစက် ဖြစ်ပွားနှုန်း ပိုမိုမြင့်မားလာနိုင်၍ ပြည်သူများအနေဖြင့် အထူးသတိထားရန် လိုအပ်သည်ဟု သတိပေးသည်။

အလားတူ ပြည်သူလူထုအနေဖြင့် COVID-19 ကာ ကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမည့် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ရှားခြင်း၊ (၆) ပေအကွာတွင် ခပ်ခွာခွာနေခြင်း၊ ချောင်းဆိုး၊ နှာချေတိုင်း ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာ ဖုံးအုပ်ခြင်း၊ လူနာနှင့် လူအများ မကြာခဏ ထိတွေ့ကိုင် တွယ်လေ့ရှိသော အရာဝတ္ထုမျက်နှာပြင်များနှင့် နေရာများကို ပိုးသတ်သန့်စင်ခြင်း အစရှိသည်တို့ကို ဆက် လက်လိုက်နာဆောင်ရွက်ကြရန် အထူးအရေးကြီးကြောင်းထုတ်ပြန်ထားသည်။

“တရုတ်မှာCovid-19 ကူးစက်မှုပြန်များလာတာကတရုတ်ကိုဗစ်ကာကွယ်​ဆေး​တွေက သိပ်မထိ​ရောက်လို့ဖြစ်နိုင်တယ်”ဟု တရုတ်နိုင်ငံသားတစ်ဦးက People’s Spring သို့​ပြောသည်။ ၎င်း၏ ​ပြောကြားချက် မှန်ကန်ပါက မြန်မာနိုင်ငံတွင်လည်း တရုတ်ကိုဗစ်ကာကွယ်​ဆေးများကိုပင် ပြည်သူအများစုကထိုးနှံခွင့်ရကြ၍ ကိုးဗစ်တစ်​ကျော့ပြန်ကူးစက်မှုကိုသတိထားရန်လို​ကြောင်း ပြည်သူတစ်ဦးက​ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။