မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် မြင်းခြံမှ နွားထိုးကြီးမြို့သို့ ထွက်လာသော စစ်ကောင်စီယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း Natogyi People Defence Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဒီဇင်ဘာ ၃၀ရက် နံနက် ၇နာရီခန့်က မြင်းခြံမြို့နယ်မှ နွားထိုးကြီးမြို့နယ်အတွင်းသို့ ထွက်လာသော အင်အား ၅၉ခန့်ပါ စစ်ကောင်စီယာဥ်တစ်စီးအား ဘဟက်တောကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့သော်လည်းအရေ အတွက် အတိအကျကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း NPDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“အရပ်စကားနဲ့ကြားတာကတော့ ခုနစ်ယောက်သေတယ်။ထိတာအကုန်လုံး ၁၅ယောက်ပေါ့။ အသံထွက်နေတယ်။ ကိုယ့်ဘက်ကအတည်မပြုနိုင်သေးတော့ ထည့်ပြီးရေးမထားတာ”ဟု NPDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
စစ်အုပ်စု၏ ထိခိုက်မှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။
နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်အာဏာရှင်ဆန့်ကျင်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေပြီး ဒေသတွင်း PDFအဖွဲ့အချို့ကလည်း တန်ပြန်တိုက်ခိုက်နေသည်။


















































