Connect with us

Hi, what are you looking for?

သတင်း

စစ်ကြောရေး သုံးပတ်ကျော်ကြာ မည်သူနှင့်မှအဆက် အသွယ်မရဘဲ ထိန်းသိမ်းခံခဲ့ရဟု မြစ်ကြီးနား ထောင်သို့ရောက်နေသည့် ဒေါက်တာခလမ်ဆမ်ဆွန် အသိပေး

မြစ်ကြီးနားထောင်မှတဆင့် ဒေါက်တာခလမ်ဆမ်ဆွန်က နှစ်သစ်နှုတ်ခွန်းဆက်စကားကို လက်ရေးဖြင့် ပေးပို့ခဲ့ရာ အဆိုပါပေးပို့စာကို ဇန်နဝါရီ ၁ရက်က GEIS ဘုရားကျောင်း၌ ဖတ်ကြားခဲ့ကြောင်း မိသားစုဝင်များက အသိပေးထားသည

စစ်ကြောရေး သုံးပတ်ကျော်ကြာ မည်သူနှင့်မှအဆက် အသွယ်မရဘဲ ထိန်းသိမ်းခံခဲ့ရဟု မြစ်ကြီးနား ထောင်သို့ရောက်နေသည့် ဒေါက်တာခလမ်ဆမ်ဆွန် အသိပေး
စစ်ကြောရေး သုံးပတ်ကျော်ကြာ မည်သူနှင့်မှအဆက် အသွယ်မရဘဲ ထိန်းသိမ်းခံခဲ့ရဟု မြစ်ကြီးနား ထောင်သို့ရောက်နေသည့် ဒေါက်တာခလမ်ဆမ်ဆွန် အသိပေး

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် ၂၄ရက်ကြာ မည်သူနှင့်မှ အဆက်အသွယ်မရဘဲ ထိန်းသိမ်းထားခဲ့ကြောင်း ဒေါက်တာခလမ်ဆမ်ဆွန်က မြစ်ကြီးနားထောင်ထဲမှတဆင့် အသိပေးသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က မန္တလေးလေဆိပ်၌ ဒီဇင်ဘာ ၅ရက်တွင် ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလကုန်ပိုင်း၌ မြစ်ကြီးနားထောင်သို့ ပို့ဆောင်ခဲ့သည်။ ဒေါက်တာခလမ်ဆမ်ဆွန်ကိုလတ်တလောတွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားသည်ဟု ဆိုသည်။

မြစ်ကြီးနားထောင်မှတဆင့် ဒေါက်တာခလမ်ဆမ်ဆွန်က နှစ်သစ်နှုတ်ခွန်းဆက်စကားကို လက်ရေးဖြင့် ပေးပို့ခဲ့ရာ အဆိုပါပေးပို့စာကို ဇန်နဝါရီ ၁ရက်က GEIS ဘုရားကျောင်း၌ ဖတ်ကြားခဲ့ကြောင်း မိသားစုဝင်များက အသိပေးထားသည

ကချင်ဘာသာဖြင့်ရေးသားချက်ကို ဗမာဘာသာပြန် ဖော်ပြခဲ့ရာ ဒေါက်တာခလမ်ဆမ်ဆွန်၏ မိသားစုဝင်တစ်ဦးက ပြန်လည်ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ပျော်ရွှင်ဖွယ်ကောင်းသော ၂၀၂၃ နှစ်သစ်အခါသမယ ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့လိုက်ရပါတယ်။ ကျွန်တော် မထင်မှတ်ပဲ မန္တလေး လေဆိပ်မှာ ထိန်းသိမ်းခံရပြီး မြစ်ကြီးနားစစ်တပ် စစ်ဆေးရေးဌာနမှာ ၂၄ ရက်ကြာ ဘယ်သူနဲ့မှ အဆက်အသွယ်မရပဲ ထိန်းသိမ်းခံခဲ့ရပါတယ်။ သို့ပေမဲ့ ချစ်ရပါသော အသင်းသူ/သား မိဘများရဲ့ ဆုတောင်းမေတ္တာအားဖြင့် စိတ်အားငယ်ချိန်၊ စိတ်ဓာတ်ကျချိန်၊ စိတ်ဆင်းရဲချိန် များကြားမှ ကျော်လွန်ကာ ထောင်ကြီးသို့ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ ဒါဟာ အားလုံးရဲ့ဆုတောင်းသံကြောင့် ဘုရားနားညောင်းတော်မှုခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ ဆုတောင်းသံကို ဘုရားဟာ အချိန်တစ်ခုမှာ အဖြေပေးမယ်ဆိုတာ ဆက်လက်ယုံကြည်ကြပါ”ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ရေးသားထားသည်။

မရောက်ဖူးသေးသည့် ၂၀၂၃ ခုနှစ်ထဲသို့ ဖြတ်ကျော် ဝင်ရောက်လာနိုင်ခြင်းသည် ဆက်လက်ရှင်သန်နိုင်ရန်ဖြစ်ကြောင်း ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။

“ယုံကြည်ချက်မရှိသော၊ လျော့နည်းသော ကိုးကွယ်ယုံကြည်ခြင်းဟာ ပန်းတိုင်မဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်ချက် ခိုင်မာစွာနဲ့ ရှေ့ဆက်ရှင်သန်ကြဖို့ နှိုးဆော်လိုက်ရပါတယ်။” ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ဆိုသည်။

ဒေါက်တာခလမ်ဆမ်ဆွန်အား ၁၇(၁)ဖြင့် အမှုဖွင့်ထားသည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ကချင် လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား သဘောထား မေးမြန်းရာ အဆိုပါကိစ္စကို စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ရဲ့ ကချင်စေတနာ့ဝန်ထမ်းဆရာမ ၂ဦး သတ်ဖြတ်ခံရတဲ့အမှု တရားမျှတမှု မရသေးတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ ခေတ်အဆက်ဆက် ပြည်သူတွေအပေါ် ဥပဒေမဲ့ သတ်ဖြတ်မှုကျူးလွန်တာတွေရဲ့ သက်သေဖြစ်တယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ကရင်၊ ကရင်နီ၊ ရှမ်းမြောက်၊ ရက္ခိုင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း စသည့် နေရာဒေသ အသီးသီးတွင်လည်း စစ်ရှောင်များနေထိုင်ရာ ပြည်သူများ နေထိုင်ရာနေရာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းပြုလုပ်ခဲ့သည်။

သတင်း

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် လူငယ်အချို့အား PDFဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးစစ်ဆေးနေပြီး နှစ်ဦးအား သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီက ဖမ်းဆီးထားသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆန်ဆွန်သည် ယမန်နေ့(ဇူလိုင် ၂၂ရက်)နံနက် ပြန်လည်လွတ်မြောက်လာကြောင်း မြစ်ကြီးနားမြို့ခံအချို့က ပြောသည်။