Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တွင် စစ်ဆေးရေးဂိတ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲလေးဦးဒဏ်ရာရ

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် က လက်နက်ကြီးများဖြင့် ရမ်းပစ်ခတ်ခြင်း၊ လာသမျှ ကားဆိုင်ကယ်များကို တားဆီး စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

အင်းတော်တွင် စစ်ဆေးရေးဂိတ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲလေးဦးဒဏ်ရာရ
အင်းတော်တွင် စစ်ဆေးရေးဂိတ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲလေးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း အင်းတော်မြို့ပေါ်၌ ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက် ခံရပြီး ထိခိုက်မှုများရှိခဲ့သည်ဟု အင်းတော်ဒေသခံက ပြောသည်။

အင်းတော်မြို့ ပညာရေးမှူးရုံး အနီးရှိ စစ်ကောင်စီ ၏ စစ်ဆေးရေးဂိတ်သို့ လာသည့် တပ်ဖွဲ့ဝင်များကို ယနေ့(ဇန်နဝါရီ ၇ရက်) နံနက် ၇နာရီခန့်တွင် မိုင်းဆွဲခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“နောက်ဆုံးအခြေအအထိအခိုက်ကတော့ သူတို့ ရဲလေးယောက်ထိတယ်။ လေးယောက်မှာ တစ်ယောက် ကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်တဲ့။ သူတို့ အဲဒီမှာ ဒဏ်ရာရတဲ့ဟာတွေကို ပညာရေးမှူးအနောက်မှာ ဂျပန်ဆေးရုံဟောင်းပေါ့ သူတို့ ရိက္ခာကုန်းအဖြစ်နေရာယူထားတာ အဲဒီမှာ ဆေးကုသမှု ခံယူနေရတာ။အရင်ကလည်း အဲဒီဂိတ်တိုက်ခိုက်ခံရတာ ရဲ ၁ယောက်သေသေးတယ်။ ၂၀၂၂ အတွင်းကပဲ သိပ်မကြာသေးဘူး။ နောက်ပြီး ရဲစခန်းတွေ ဝင်ပစ်ခံရတာတွေရှိတယ်” ဟု အင်းတော်ဒေသခံက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြောက်ကျားအဖွဲ့အစည်းတစ်ခုက ဆောင်ရွက်ခြင်းဖြစ်ကြောင်း Indaw Revolution က ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် က လက်နက်ကြီးများဖြင့် ရမ်းပစ်ခတ်ခြင်း၊ လာသမျှ ကားဆိုင်ကယ်များကို တားဆီး စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ဒေသတွင်းကသောက်သုံးရေကန်တွေနဲ့ စားသောက်ကုန်တွေမှာစစ်တပ်ကအဆိပ်ခပ်သွားဟု​ဒေသခံ​တွေ​ပြော

သတင်း

ခရီးသွားပြည်သူ​တွေကိုဓာတ်ပုံမှတ်တမ်းယူတာ​တွေလုပ်လာပြီး မြို့ထဲမှာစစ်တပ်လုံခြုံ​ရေးတင်းကြပ်