Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်တွင် စစ်ဆေးရေးဂိတ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲလေးဦးဒဏ်ရာရ

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် က လက်နက်ကြီးများဖြင့် ရမ်းပစ်ခတ်ခြင်း၊ လာသမျှ ကားဆိုင်ကယ်များကို တားဆီး စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

အင်းတော်တွင် စစ်ဆေးရေးဂိတ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲလေးဦးဒဏ်ရာရ
အင်းတော်တွင် စစ်ဆေးရေးဂိတ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲလေးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း အင်းတော်မြို့ပေါ်၌ ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက် ခံရပြီး ထိခိုက်မှုများရှိခဲ့သည်ဟု အင်းတော်ဒေသခံက ပြောသည်။

အင်းတော်မြို့ ပညာရေးမှူးရုံး အနီးရှိ စစ်ကောင်စီ ၏ စစ်ဆေးရေးဂိတ်သို့ လာသည့် တပ်ဖွဲ့ဝင်များကို ယနေ့(ဇန်နဝါရီ ၇ရက်) နံနက် ၇နာရီခန့်တွင် မိုင်းဆွဲခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“နောက်ဆုံးအခြေအအထိအခိုက်ကတော့ သူတို့ ရဲလေးယောက်ထိတယ်။ လေးယောက်မှာ တစ်ယောက် ကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်တဲ့။ သူတို့ အဲဒီမှာ ဒဏ်ရာရတဲ့ဟာတွေကို ပညာရေးမှူးအနောက်မှာ ဂျပန်ဆေးရုံဟောင်းပေါ့ သူတို့ ရိက္ခာကုန်းအဖြစ်နေရာယူထားတာ အဲဒီမှာ ဆေးကုသမှု ခံယူနေရတာ။အရင်ကလည်း အဲဒီဂိတ်တိုက်ခိုက်ခံရတာ ရဲ ၁ယောက်သေသေးတယ်။ ၂၀၂၂ အတွင်းကပဲ သိပ်မကြာသေးဘူး။ နောက်ပြီး ရဲစခန်းတွေ ဝင်ပစ်ခံရတာတွေရှိတယ်” ဟု အင်းတော်ဒေသခံက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြောက်ကျားအဖွဲ့အစည်းတစ်ခုက ဆောင်ရွက်ခြင်းဖြစ်ကြောင်း Indaw Revolution က ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် က လက်နက်ကြီးများဖြင့် ရမ်းပစ်ခတ်ခြင်း၊ လာသမျှ ကားဆိုင်ကယ်များကို တားဆီး စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။