Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့မရဲစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုများရှိခဲ့ညီနောင်မဟာမိတ်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည်။

ဆားလင်းကြီးမြို့မရဲစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်
ဆားလင်းကြီးမြို့မရဲစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား မီးရှို့ဖျက် ဆီးနေ၍ မြို့မရဲစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း၁၆ တပ်ခွဲ(၁) Brother Defense Forceအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇန်နဝါရီ ၆ ရက် ည ၁၁နာရီခွဲခန့်မှစ၍ ဆားလင်းကြီးမြို့မရဲစခန်းအား ညီနောင်မဟာမိတ်များက လက်နက်ကြီး၊ တာဝေးပစ် (၆၀) မမ၊(၈၀) မမ၊ (၁၂၀) မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုများရှိခဲ့ညီနောင်မဟာမိတ်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည်။

ဆားလင်းကြီးမြို့နယ်တွင်းသို့ စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသောကြောင့် လက်တုန့်ပြန်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Brother Defense Forceအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျေးရွာတွေကို တိုက်ပွဲမရှိဘဲနဲ့ မီးရှို့တယ်။ ဒါကြောင့်လက်တုံ့ပြန်တဲ့အနေနဲ့ ပစ်ခတ်ခဲ့တာပါ။ အချိန်ကတော့ တစ်နာရီလောက်ကြာတယ်။ စခန်းထဲကျရောက်ပေါက်ကွဲတယ်။ အပျက်အစီးအတိအကျမသိရသေးဘူး။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်ခရိုင်တပ်ရင်း – ၁၆ တပ်ခွဲ(၁) Brother Defense Forceအဖွဲ့ ၊ salingyi သမန်းကျားပြောက်ကျားတပ်ဖွဲ့၊မြန်မာ့တော်ဝင်နဂါးတပ်မတော်၊ ဆားလင်းကြီး(ခွဲ) တစ်ကိုယ်တော်သုဘရာဇာနှင့် အခြားမဟာမိတ်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သ​ည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကစတင်ကာ ယနေ့အထိ ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာအများအပြားအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။