Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲတွေကြောင့် အင်းလေးဒေသ က ခရီးစဉ်အချို့ ရပ်ထား

စစ်ကောင်စီဘက်ကတော့ PDF တွေရဲ့ စခန်းကိုသွားတိုက်တာလို့ဆိုထားပြီး တိုက်ပွဲမှာ PDF ခေါင်းဆောင်ကို အသေမိတယ်လို့ သတင်းထုတ်ထားပါတယ်။

တိုက်ပွဲတွေကြောင့် အင်းလေးဒေသ က ခရီးစဉ်အချို့ ရပ်ထား
တိုက်ပွဲတွေကြောင့် အင်းလေးဒေသ က ခရီးစဉ်အချို့ ရပ်ထား

ပြည်တွင်း ပြည်ပ ခရီးသွားတွေကြား ထင်ရှားတဲ့ အင်လေးဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဒေသတွင်းက ခရီးသွားနေရာအချို့နေရာကိုပိတ်ထားတယ်လို့ စုံစမ်းသိရပါတယ်။

ရှေးဟောင်းစေတီတွေရှိပြီး နိုင်ငံခြားသားခရီးသွားတွေ သွားလေ့ရှိတဲ့ ရွှေအင်းတိန်ဒေသဆီကို ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုတွေကို ရပ်နားထားရတယ်လို့ အင်းလေးဒေသက စက်လှေသမားတစ်ဦးကပြောပြပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့( ဇန်နဝါရီလ ၃ ) ရက်က စစ်ကောင်စီတပ်နဲ့အင်းလေး PDF တပ်ဖွဲ့တွေဟာ အင်းလေးဒေသ အနောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်ကတော့ PDF တွေရဲ့ စခန်းကိုသွားတိုက်တာလို့ဆိုထားပြီး တိုက်ပွဲမှာ PDF ခေါင်းဆောင်ကို အသေမိတယ်လို့ သတင်းထုတ်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် အင်းတိန်ကျေးရွာ ၊အင်းတိန်ညောင်အုပ်ကျောင်းတိုက် ရဲ့ကျောင်းထိုင်ဆရာတော် ဥူးဇဝန ကို ပါ စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း PDF အဖွဲ့ခေါင်းဆောင် ဆရာကျောင်းခေါ် ကိုဇော်ဇော်အောင်အပါအဝင် PDF နဲ့ဆက်နွယ်သူတွေကို ဖမ်းမိထားတယ်လို့ လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းပြည် တောင်ပိုင်း အင်းလေးဒေသမှာ ဒီနှစ် ဆန်းပိုင်း မှာတင် ပထမဆုံး အကြိမ် အဖြစ် တိုက်ပွဲတွေ ဖြစ်လာတာဖြစ်ပြီး စစ်ကောင်စီကလည်းနှိမ်နင်းဖို့ ကြိုးပမ်းနေတာပါ။

စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့ အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(IPDF) ကို NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့လက်အောက်ခံအဖြစ် ပြီးခဲ့တဲ့ နှစ် ဆန်းပိုင်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။