Connect with us

Hi, what are you looking for?

News

အင်းလေးဒေသ ပြည်သူ့စစ်ခေါင်းဆောင်နှင့် သားမက်ကို ​ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်း

ရဲမြင့်နှင့်သူ၏သားမက်ကျော်စွာသည် စစ်ကောင်စီအလိုကျ ပြည်သူ့စစ်နှင့် ပျူစောထီးဖွဲ့စည်းခြင်း၊ သတင်းပေးခြင်းတို့ လုပ်ဆောင်နေပြီး စစ်ကောင်စီ၏ အဓိက ဒေါက်တိုင်ဖြစ်နေ၍ ယခုကဲ့သို့ ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်းလည်း AFJကအသိ​ပေးသည်။

အင်းလေးဒေသတွင်စစ်​ကောင်စီ၏ အဓိကဒေါက်တိုင်ဖြစ်သော ပြည်သူ့စစ်ခေါင်းဆောင်နှင့်သတင်း​ပေး သားမက်ဖြစ်သူကို ​မေလ ၉ ရက်တွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းလိုက်​ကြောင်းAssassin For Justice- AFJ ​ပြောက်ကျားအဖွဲ့ကထုတ်ပြန်သည်။

အင်လေး​ဒေသ ရွာမ ၊က​လေးငယ်ရပ်မှ ပြည်သူ့စစ်ခေါင်းဆောင် စည်ရုံး​ရေးမှူး ရဲမြင့် နှင့် ၎င်း၏သားမက်လည်းဖြစ် သတင်း​ပေးလည်းဖြစ်​သော ကျော်စွာတို့ကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော Assassin For Justice- AFJက ညောင်ရွှေမြို့နယ်၊သန်း‌တောင်ဈေးတွင် မေလ ၉ ရက် နံနက်ကတစ်ပြိုင်နက်​သေနတ်ဖြင့်ပစ်၍ ရှင်းလင်းလိုက်ခြင်းဖြစ်သည်​ဖော်ပြထားသည်။

ရဲမြင့်နှင့်သူ၏သားမက်ကျော်စွာသည် စစ်ကောင်စီအလိုကျ ပြည်သူ့စစ်နှင့် ပျူစောထီးဖွဲ့စည်းခြင်း၊ သတင်းပေးခြင်းတို့ လုပ်ဆောင်နေပြီး စစ်ကောင်စီ၏ အဓိက ဒေါက်တိုင်ဖြစ်နေ၍ ယခုကဲ့သို့ ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်းလည်း AFJကအသိ​ပေးသည်။

“ယနေ့မနက်တွင် G*n ဖြင့် သုံးချက်အား ဒလန်အားသုတ်သင်ရှင်းလင်းခဲ့၍ တစ်ချက်မှာ မိုးပေါ်ထောင်၍ပစ်ခဲ့ခြင်းသည် ပြည်သူလူထုအားလုံးဝခြိမ်းခြောက်ခြင်းမဟုတ်ဘဲ ပြေးလွှားရန်အခက်အခဲကြောင့် မဖြစ်မနေပစ်ဖောက်ခဲ့မိပါသည်။ ထို့ကြောင့်လဲပြည်သူလူထုများအား AFJ အဖွဲ့သားအားလုံးအနူးအညွတ်တောင်းပန်အပ်ပါသည်” ဟုထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

​မေလ ၃ ရက်တွင်ပြုလုပ်​သောအ​ရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ပြည်သူ့စစ်များကို​ခေါ်၍ အစည်းအ​ဝေးပြုလုပ်ရာ တက်​ရောက်စဥ် ၎င်းတို့ကို ရှင်းလင်းရန်အခွင့်မသာ၍ ​မေ ၉ ရက်တွင်ရှင်းလင်းခြင်းဖြစ်​ကြောင်းလည်း သိ့ရသည်။

“အင်းလေးမှာ ဒလန်အရှင်းခံရတာများတော့ အင်းလေးက PDFသတင်းတွေကို စောင့်ကြည့်ပြီး ရပခ ကိုသတင်းပို့ဖို့ခေါ်ပြောတာ” ဟု ​မေ ၃ ရက်အစည်းအ​ဝေးနှင့်ပတ်သပ်၍ ​ဒေသခံတစ်ဦးက​ပြောသည်။အသတ်ခံရသူ နှစ်ဦးမှာ ပြည်သူစစ်​ခေါင်း​ဆောင်နှင့် ဒလန်ဖြစ်ပြီး စစ်​ကောင်စီအတွက်အလုပ်လုပ်​ပေး​နေကြသူများဖြစ်​ကြောင်း​ဒေသခံတစ်ဦးကလည်း​ပြောသည်။

အင်းလေးဒေသနှင့်ဆက်စပ်နေသော ရွာငံဒေသတွင်လည်း စစ်ကောင်စီသတင်းပေး အကြီးစားဒလန်ဖြစ်သော ဦးတင်အိုဆိုသူကို ဓနုပြောက်ကျားတပ်ဖွဲ့(DGF)က မေလ ၄ရက်တွင် သုတ်သင်ရှင်းလင်းခံရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်ရေးအရှိန်မြင့်လာနေပြီး စစ်ကောင်စီကလည်း အင်အားသုံး ဖိနှိပ်နေသည်။ သို့သော် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း ယခင်ထက်ပိုအား​ကောင်းလာပြီး ပိုမိုလှုပ်ရှားလာကြောင်း ဒေသခံများက မှတ်ချက်ပြုကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊အင်းလေကန်မှာ မိုးသည်းထန်စွာနေချိန်နေအိမ်တစ်လုံးမိုးကြိုးပစ်ခံရပြီးမီးလောင်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်နှင့်၎င်း၏ လက်အောက်ခံ PNA ပြည်သူ့စစ်တို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ နေအိမ်များထိမှန် ပျက်စီးခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးက ယနေ့(မေ ၃ရက်) ထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လမ်းပိုင်းတနေရာ၌ မင်းဘူးမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်အား ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်ခဲ့ရကြောင်း Popa Guerilla Force (PGF)တပ်ဖွဲ့က ယနေ့(ဧပြီ ၂၅ ရက်)တွင် ထုတ်ပြန်သည်။