Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနှင့်မ​​​​ကွေးအစပ်ကိုစစ်​ကောင်စီတပ်က​လေ​ကြောင်းမှကင်း​ထောက်၍ ​​ဒေသခံပြည်သူများလေ​ကြောင်းအန္တရာယ်သတိ​ထားရန် PDFများသတိ​ပေး

ဂန့်ဂေါမြို့နယ် နေရာအများစုတွင်လည်း စစ်ကောင်စီ၏ ကင်းထောက်လေယာဥ်များ ယခင်ကထက် အကြိမ်ရေများစွာ ပျံသန်းနေသည်ဟု Saw PDF တပ်ရင်း(၂) -YRPA ပြန်ကြားရေးတာဝန်ခံကလည်းပြောသည်။

စစ်​ကောင်စီတပ်က ​မြေပြင်တိုက်ပွဲများတွင်ထိခိုက်​သေဆုံးမှုများလာသဖြင့် ​လေ​ကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်လာသည်။ ဓါတ်ပုံ-စစ်တပ်
စစ်​ကောင်စီတပ်က ​မြေပြင်တိုက်ပွဲများတွင်ထိခိုက်​သေဆုံးမှုများလာသဖြင့် ​လေ​ကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်လာသည်။ ဓါတ်ပုံ-စစ်တပ်

စစ်ကိုင်းနှင့်မကွေးနယ်စပ်နေရာများကိုစစ်ကောင်စီတပ်က ​လေယာဥ်ဖြင့်နာရီပေါင်းများစွာကင်းထောက်သွားခြင်းမှာမြေပုံညွှန်းယူ ပစ်မှတ်တင်​ခြင်းဖြစ်နိုင်၍ ဒေသခံပြည်သူများသတိပြုနေထိုင်ကြရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။

စစ်ကိုင်းနှင့်မကွေးနယ်စပ် ယောဒေသနှင့်ပုလဲမြို့နယ်ကို ဇန်နဝါရီ ၁၁ရက်တစ်နေကုန်နှင့် တစ်ညလုံး ကင်းထောက်သွားခြင်းဟု ယင်းမာပင်ခရိုင် တပ်ရင်း(၁၂)မှ PDF တပ်ဖွဲ့ဝင်ကိုနေမျိုးက People’s Spring သို့ပြောသည်။

” လေယာဥ်နဲ့ ကင်းထောက်တာ။ ကြီးလည်းကြီးတယ်။ နိမ့်လည်းနိမ့်တယ်ဗျ။ ဒရုန်းတွေနဲ့လည်း ကင်းထောက်တယ်။ ဒီပတ်ဝန်းကျင်တင်ပတ်ပြီး ကင်းထောက်နေတာ။မြေပုံညွှန်းယူပစ်မှတ်တင်ဖို့လို့ယူဆရပါတယ်” ဟုကိုနေမင်းကပြောသည်။

စစ်ကောင်စီကင်းထောက်လေယာဥ်နှင့် ဒရုန်းအချို့သည်ဂန့်ဂေါ၊ ပေါက်၊ ပုလဲနှင့်မြိုင်ဒေသကို နာရီပေါင်းများစွာ ကင်းထောက်ခဲ့ခြင်းဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ နယ်ကို ကင်းထောက်တာတွေ ပိုလုပ်လာတယ်။ ပြည်သူတွေကိုတော့ ဘေးလွတ်ရာနေရာတွေ အားလုံးဝိုင်း စီမံပေးထားတယ်” ဟုယောနယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဂန့်ဂေါမြို့နယ် နေရာအများစုတွင်လည်း စစ်ကောင်စီ၏ ကင်းထောက်လေယာဥ်များ ယခင်ကထက် အကြိမ်ရေများစွာ ပျံသန်းနေသည်ဟု Saw PDF တပ်ရင်း(၂) -YRPA ပြန်ကြားရေးတာဝန်ခံကလည်းပြောသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်းထန်တလန်မြို့မှ ချင်းအမျိုးသားတပ်ဦးဌာနချုပ်နှင့် ကေအိုင်အေတပ်ရင်းအချို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ မြေပြင်တိုက်ပွဲများတွင် အထိနာနေပြီး အင်အားလည်းချိနဲ့လာသည့် စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုကာ ပိုမိုတိုက်ခိုက်လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သတိပေး ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊လောင်းရှည်မြို့ကို ဦးတည်လာနေပြီး ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ မကွေးတိုင်းပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook