Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် အတုအယောင်ရွေးကောက်ပွဲဟန့်တားရန် တော်လှန်ရေးအင်အားစုအားလုံးကို TNLA ဥက္ကဋ္ဌ တိုက်တွန်း

ယနေ့ ကျရောက်သည့် နှစ် (၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ မိန့်ခွန်း၌ PSLF/TNLA ဥက္ကဋ္ဌက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

(ယနေ့ ကျရောက်သည့် နှစ် (၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကျင်းပနေစဉ်၊ ဓာတ်ပုံ - TNLA)
(ယနေ့ ကျရောက်သည့် နှစ် (၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကျင်းပနေစဉ်၊ ဓာတ်ပုံ - TNLA)

▪️စစ်အာဏာရှင်ချုပ်ငြိမ်းရေး အချိန်အခါကောင်းဖြစ်၍ ဟန်ချက်ညီ ကြိုးပမ်းအားထုတ်ရန်လိုဟု ပြော

အာဏာသိမ်းစစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲကျင်းပရန် အားထုတ်နေ၍ စစ်အာဏာ ရှင်စနစ်သက်ဆိုးရှည်စေမည့် မည်သည့်ထောက် ပံ့မှုမျိုးကိုမဆို သက်ဆိုင်ရာ တော်လှန်ရေး အင်အားစု နယ်မြေများ၌ ထိရောက်စွာဟန့်တားကြရန်လိုအပ်ကြောင်း ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး(PSLF/TNLA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း က ပြောကြားသည်။

ယနေ့ ကျရောက်သည့် နှစ် (၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ မိန့်ခွန်း၌ PSLF/TNLA ဥက္ကဋ္ဌက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ အာဏာသိမ်းစစ် ကော်စီက စစ်အာဏာရှင်အဆက်ဆက် အာဏာတည်မြဲရေးအတွက် အတုအယောင် ရွေးကောက် ပွဲ ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတာတွေ တွေ့မြင်ရတယ်။ စစ်အာဏာ ရှင်စနစ်သက်ဆိုးရှည်မယ့် ဘယ်လိုထောက်ပံ့မှုမျိုးကိုမဆို သက်ဆိုင်ရာ တော်လှန်ရေး အင်အားစု နယ်မြေတွေမှာ ထိထိရောက်ရောက် ဟန့်တားကြဖို့လိုအပ်ပါတယ်။ ဒီဟန့်တားဖို့အခွင့်အရေးကို မိမိတို့ တော်လှန်ရေး အင်အားစုဘက်က အပြည့်အ၀ ပိုင်ဆိုင်ထားတယ်။ ဒီအခွင့်အရေးကို ကောင်းစွာ အသုံးချမှသာ နောင်လာနောက်သားမျိုးက်သစ်တွေက စစ်ကျွန်ဘ၀ကနေ လွတ်မြောက်နိုင်မှာ ဖြစ်တယ်”ဟု ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။

ယခု စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအား သုံးသပ်ကြည့်ပါက တိုင်းပြည်အတွင်းရှိ တိုင်းရင်းသား ပြည်သူအားလုံးက စစ်အာစာရှင် အဆက် ဆက်၏ ဖိနှိပ်ချုပ်ချယ်မှု အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းအားထုတ်မှုကို မြင်တွေ့လာရကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

လွတ်လပ်ရေးရယူပြီးနောက်ပိုင်း တောင်တန်းနေ တိုင်းရင်းသားတို့ အစဉ် ကြိုးပမ်းတောင်းဆိုလာခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်ရေးအတွက် အချိန်အခါကောင်း ရောက်ရှိနေပြီးဖြစ်၍ တော်လှန်ရေးအင်အားစုအားလုံး ယခု အခွင့်အလင်းအပေါ် လက်တွေ့ကျကျ ဟန်ချက်ညီညီ ဆက်လက် ဝိုင်းဝန်း ကြိုးပမ်းအားထုတ်ကြရန်လည်း PSLF/TNLA ဥက္ကဋ္ဌက တိုက်တွန်းသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်အာဏာသိမ်းယူမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးပဋိပက္ခအတွင်း တော်လှန် ရေးအင်အားစု များအချင်းချင်း စိတ်ရင်းစေနတာ မှန်ကန်စွာ တော်လှန်ရေး သစ္စာရှိရှိ အပြန်အလှန် လေးစားမှု၊ ကူညီပံ့ပိုးမှုနဲ့အပြန်အလှန် အသိအမှတ်ပြုမှု စံနှုန်းများကို ကိုင်စွဲထားရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

(ယနေ့ ကျရောက်သည့် နှစ် (၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကျင်းပနေစဉ်၊ ဓာတ်ပုံ - TNLA)
(ယနေ့ ကျရောက်သည့် နှစ် (၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကျင်းပနေစဉ်၊ ဓာတ်ပုံ – TNLA)

“အာဏာသိမ်းစစ်တပ်ကို လက်တွေ့ကျတဲ့ နည်းဗျူဟာနဲ့ တိုက်ခိုက်ရမှာ ဖြစ်သလို ဒေသခံတွေရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ လုံခြုံရေးတွေကိုလည်း အလေးထားဖို့လိုအပ်ပါတယ်”ဟု ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။

ယခုအချိန်တွင် စစ်အာဏာရှင်က မည်ကဲ့သို့ အကြောက်တရားများကို ဖန်တီးသည်ဖြစ်စေ ပြည်သူလူထုက နာကြည်းမှုအပြည့်ဖြင့် ခုခံတော်လှန်နေသည်မှာ ပြည်သူလူထုက စစ်အာဏာရှင်စနစ် လုံး၀ မလိုလားကြောင်း တုန့်ပြန်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီဖြစ်ရပ်တွေကို မြန်မာ့အရေးဆောင်ရွက်နေတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးခေါင်းဆောင်တွေ လက်ခံ အသိအမှတ်ပြုပေးပြီး မြန်မာပြည်တွင်း တော်လှန်ရေးအင်အားစုများကို ကူညီထောက်ပံ့ကြဖို့ ဒီနေရာကနေ တောင်းဆိုပါတယ်”ဟု TNLA ဥက္ကဋ္ဌက ပြောကြားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။