Connect with us

Hi, what are you looking for?

သတင်း

ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူလမ်း ခရီးသည်တင်ယာဉ်များ တစ်ပတ်ကြာလုံးဝသွားလာခြင်းမပြုရန် KNU တားမြစ်

အဆိုပါ ထုတ်ပြန်ချက်ကို ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထုတ်ပြန်ချက်နှင့် လက်ရှိ စစ်ရေးအခြေ အနေအား မေးမြန်းရန် ခရိုင်အတွင်းရေးမှူးထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူလမ်း ခရီးသည်တင်ယာဉ်များ တစ်ပတ်ကြာလုံး၀သွားလာခြင်းမပြုရန် KNU တားမြစ်
ကြာအင်းဆိပ်ကြီး - ဘုရားသုံးဆူလမ်း ခရီးသည်တင်ယာဉ်များ တစ်ပတ်ကြာလုံး၀သွားလာခြင်းမပြုရန် KNU တားမြစ်

▪️တိုက်ပွဲပြင်းထန်စွာဖြစ်နေ၍ ပြည်သူများ ခရီးသွားလာရာ၌အလွန်အန္တရာယ်ရှိသည့် အခြေအနေဟု အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေရှိ ကြာအင်းဆိပ်ကြီး -ဘုရားသုံးဆူလမ်းအား မနက်ဖြန်မှစ၍ တစ်ပတ်ကြာ သွားလာခြင်း လုံး၀မပြုရန် KNU ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။

လက်ရှိကာလတွင် ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် နယ်မြေအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် ခရီးသွား ပြည်သူများ ခရီးသွားလာရာတွင် အလွန် အန္တရာယ်ရှိသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ထို့ကြောင့် ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူလမ်းတွင် ခရီးသည်တင်ယာဉ်များ ဇန်နဝါရီ ၁၆ရက်မှ ဇန်နဝါရီ ၂၃ရက်အထိ လုံး၀သွားလာခြင်း မပြုရန် တားမြစ်လိုက်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထုတ်ပြန်ချက်နှင့် လက်ရှိ စစ်ရေးအခြေ အနေအား မေးမြန်းရန် ခရိုင်အတွင်းရေးမှူးထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

KNU ဗဟိုမှ သတင်းရင်းမြစ်တစ်ဦးက “ရန်သူက လူထုကားကို သူတို့ သုံးပြီးလုပ်လာတာရှိတယ်။ လူထုကို ဓားစားခံပေါ့။ နောက်ပြီး ပြီးခဲ့တဲ့ နှစ်ရက်က သူတို့ ပြန်ဆင်းလာတော့ လူထုကို သူတို့ စစ်ကြောင်းထဲမှာ လူထုကို ခေါ်လာတယ်။ ကလေးပါပါတယ် သူတို့ပြောတာ”ဟု ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ရခြင်းအပေါ် မှတ်ချက် ပြုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“လူထုကတော့ သတိနဲ့နေရမှာပေါ့။ စစ်ရေးပူလာတဲ့အချိန်မှာ လူထုအနေနဲ့ စစ်တပ်နဲ့ ဝေးဝေးနေကြဖို့ပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ဇန်နဝါရီ ၄ရက်က ကြာအင်းဆိပ်ကြီးရှိ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် သုံးခုကို KNU ဦးဆောင် သည့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရင်းများအတွင်း စီးနင်းတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ တပ်ရင်းမှူး အပါအဝင် သေဆုံးထိခိုက်ရှိသကဲ့သို့ တော်လှန်ရေးရဲဘော်များလည်း ကျဆုံးဒဏ်ရာရမှု ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။